Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူတိုင်း တက်ရောက်နိုင်မည့် စက်မှုသင်တန်း(၅) မျိုး

တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူတိုင်း တက်ရောက်နိုင်မည့် စက်မှုသင်တန်း(၅) မျိုး

စားစရိတ်နှင့် ဝတ်စုံဖိုး ကျပ်လေးသောင်းနီးပါး ထောက်ပံ့ပေးမည့် စက်မှုသင်တန်း (၅) မျိုးကို တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူတိုင်း တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ် (၃)စက်မှုသင်တန်းကျောင်း (သာဂရ)တွင် စက်ရုံပစ္စည်းပညာသည် သင်တန်းကျောင်း၊ ကွန်ပျူတာသုံးဒီဇိုင်းထုတ်လုပ်မှု သင်တန်း၊ လျှပ်စစ်ပညာသင်တန်း၊ အီလက်ထရောနစ်ပညာသည် သင်တန်း၊ သတ္တု ရည်ကျိုပညာသည် သင်တန်းတို့ကို တစ်နှစ်သင်တန်းများအဖြစ် ဖွင့်လှစ်မည်ဖြစ်ရာ တက္ကသိုလ်ဝင်တန်းသင်ယူ/ဖြေဆိုဖူးသူများ တက်ရောက်နိုင်မည် ဖြစ်ကြောင်းသိရပါသည်။

 

အဆိုပါ သင်တန်းကျောင်းများတွင် ဖွင့်လှစ်မည့် သင်တန်း (၅) မျိုးအတွက် တစ်မျိုးလျှင် သင်တန်းသားဦးရေ (၃၀) ဝင်ခွင့်ပေးသွားမည် ဖြစ်ပြီးလျှောက်လွှာများကို အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး)၊ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန၊ ရုံးအမှတ် (၃၀) နေပြည်တော်၊ www.industry.gov.mm တွင် ဒေါင်းလုတ်ရယူနိုင်ကြောင်း၊ လျှောက်လွှာပါ အချက်အလက်များကို သေချာစွာဖြည့်စွက်ပြီး အထက်ပါ ဌာနများတွင် စက်တင်ဘာ (၁၃) ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရပါသည်။

 

သင်တန်းဝင်ခွင့်လျှောက်ထားမည့်သူများအနေဖြင့် အင်္ဂလိပ်စာ အခြေခံ၊ သင်္ချာအခြေခံနှင့် စက်မှုဗဟုသုတများ အတွက် လူတွေ့နှုတ်မေးစစ်ဆေးခြင်း များကို စစ်ဆေးခံရမည်ဖြစ်ကြောင်း၊ ၄င်းကဲ့သို့ စစ်ဆေးခြင်းများကို မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ အမှတ် (၄) စက်မှုသင်တန်းကျောင်းတွင် စက်တင်ဘာ (၉) ရက်မှ (၁၁) ရက်အထိ စစ်ဆေးမည်ဖြစ်ကြောင်း၊ လူတွေ့နှုတ်မေးဖြေဆိုခွင့်ရရှိသူများ စာရင်းကို အမှတ် (၄) စက်မှုသင်တန်းကျောင်း ပခုက္ကူတွင် ကြေညာပေးထားမည် ဖြစ်ကြောင်း သိရပါသည်။

 

Read More: တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းအကြောင်း သိကောင်းစရာ

 

သင်တန်းဝင်ခွင့်ရရှိသူများသည် နိုဝင်ဘာ (၁၂) ရက်တွင် သင်တန်းစတင်တက်ရောက်ရမည်ဖြစ်ကြောင်း၊ သင်တန်းဝင်ခွင့်ရရှိသူများအနေဖြင့် အမှတ် (၄) စက်မှုသင်တန်းကျောင်း ပခုက္ကူသို့ နိုဝင်ဘာ (၇) ရက်နေ့ထက်မစော၊ (၉) ရက်နေ့ထက်နောက်မကျပဲ သတင်းပို့ရမည် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂) ရက်နေ့အထိ သင်တန်းတက်ရောက်ရမည်ဖြစ်ပါသည်။

 

သင်တန်းသားများအတွက် အဆောင်နေထိုင်ခွင့်၊ လစဉ်စားစရိတ်ကျပ် (၁၅၀၀၀)၊ ယူနီဖောင်းနှစ်စုံဖိုးအတွက် ကျပ် (၂၄၀၀၀) တို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

 

Source: Democracy

 

News Read 2358 times