Sales Hotline : 09448001653       Download App



အင်္ဂလန်နိုင်ငံ Bellerbys College သို့ပညာသင်ဆုလျှောက်ထားနိုင်ခြင်း

အင်္ဂလန်နိုင်ငံ Bellerbys College သို့ပညာသင်ဆုလျှောက်ထားနိုင်ခြင်း

အင်္ဂလန်နိုင်ငံ Bellerbys College တွင် A Level တက်ရောက်လိုသူတွေအနေနဲ့ ပညာသင်ဆုအဖြစ် ကျောင်းလခရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ကျောင်းလျှောက်ထား တက်ရောက်နိုင်မှာ ဖြစ်ပါသည်။

 

အင်္ဂလန်နိုင်ငံမှာ ဆေးပညာသင်ယူလိုသူတွေအတွက် Medical School ကျောင်းဝင်ခွင့်နဲ့ဆိုင်တဲ့ A Level ဘာသာရပ်များအပြင် Specialist Preparation for Medical School Program ကို Bellerbys College က သင်ကြားပေးလျက်ရှိပြီး အဲဒီကတစ်ဆင့် အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းဆေးတက္ကသိုလ်များကို တက်ရောက်နိုင်မယ်လို့ သိရပါသည်။

 

A Level မှာ အမှတ်ကောင်းစေဖို့ ပြင်ဆင်ပေးပြီး Specialist preparation for Oxbridge တက်ရောက်ကာ University of Oxford နှင့် University of Cambridge တက္ကသိုလ်များသို့လည်း တက်ရောက်နိုင်မှာဖြစ်ပါသည်ဟု သိရပါတယ်။

 

Read More: စာစဉ်ကိုယ်တိုင်တင်သွင်းခြင်း

 

Bellebys College မှာ A Level တန်းတက်ရောက်ရန် ပညာသင်ဆုဖြင့် လျှောက်ထားလိုပါက အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ သို့မဟုတ် IGCSE ဖြေဆိုအောင်မြင်ပြီးသူ ဖြစ်ရန်လိုအပ်ပြီး အင်္ဂလိပ်စာ လိုအပ်ချက်ကတော့ IELTS 7.0 ရှိရမှာဖြစ်ပါသည်။

 

စက်တင်ဘာကျောင်းဖွင့်ချိန်တွင် တက်ရောက်ရမှာ ဖြစ်ပြီး လျှောက်ထားလိုသူတွေအနေနဲ့ ဇွန် ၁၄ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါမယ်။ အသေးစိတ်သိရှိလိုပါက AT&S(Overseas Education Services) ဖုန်း(၀၁-၆၅၂၃၂၀၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၅၀၆၂၁၇၁) ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

 

 

Source: Internet journal

 

 

International Read 999 times