News

" ကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Practical Server Virtualization သင်တန်းဖွင့်လှစ်မည် "

" ကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Practical Server Virtualization သင်တန်းဖွင့်လှစ်မည် " google

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ The Modernized Data Center ပိုင်းဆိုင်ရာ Practical Server Virtualization လက်တွေ့သင်တန်းကို မေ ၁၈ ရက်မှာစတင်ဖွင့်လှစ်မည်ဟု သိရှိရပါသည်။


သင်တန်းကို Virtualization and Data Center အကြောင်းစိတ်ဝင်စားသူများ၊ Microsoft Windows Server and Vmware ESXi, vSphere, vCenter and vMotion အကြောင်းနားလည်လိုသူများတက်ရောက်နိုင်မည်ဖြစ်ပါသည်။


မွမ်းမံသင်ခန်းစာအနေဖြင့် Windows Server အကြောင်းကို ထည့်သွင်းပြောကြားသွားမှာဖြစ်သည်ဟု သိရှိရပါသည်။


သင်တန်းကာလကို မေ ၁၈ ရက်မှ ဇွန် ၂ ရက်အထိဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အထိဖြစ်ပါသည်။


သင်တန်းကြေး ၁၂၀,၀၀၀ ကျပ်ဖြစ်ပြီး Digital Materials အနေဖြင့် ebook, Tools, Video and Prferences/ Tutorial Links တွေကို အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

 

"Read More: " NIM ၏ MBA အတွက် Study Grant ပေးအပ်မည် "


သင်တန်းတက်ရောက်လိုသူများအနေဖြင့် မေ ၁၇ ရက်၊ နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး MCPA ရုံးခန်းသို့သွားရောက်စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ ဖုန်း ၀၁-၆၅၂၂၇၆ သို့ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်ပါသည်။

 

Source: Internet Journal

 

 

Read times
Rate this item
(2 votes)