Sales Hotline : 09448001653       Download App



“လူငယ်များအလုပ်အကိုင်ရရှိရေးအတွက်လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း (Equipping Youth for Employment-EYE) သင်တန်းသား/သူများခေါ်ယူခြင်း “

“လူငယ်များအလုပ်အကိုင်ရရှိရေးအတွက်လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း (Equipping Youth for Employment-EYE) သင်တန်းသား/သူများခေါ်ယူခြင်း “

၁။ (Equipping Youth for Employment-EYE)အစီအစဉ်ဖြင့် နေပြည်တော်၊ရွာမ (ရန်ကုန်) နှင့် မန္တလေးမြို့များရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများတွင်

အောက်ဖော်ပြပါ ကျွမ်းကျင်မှုအခြေပြု ကာလတို(၃)လ သင်တန်းများကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့တွင် ဒုတိယအကြိမ်အနေဖြင့် စတင်ဖွင့်လှစ်ပါမည်။

260777

 

၂။ သင်တန်းဝင်ခွင့်လျှောက်ထားသူများသည်အောက်ပါအချက်များနှင့် ပြည့်စုံရပါမည်။

(က) မူလတန်းအောင်မြင်ပြီးအသက်(၁၈)နှစ်ပြည့်ပြီး(၄၀)နှစ်ထက် မကျော်လွန်သူဖြစ်ရပါမည်။

(ခ) ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းကာလပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရပါမည်။

 

၃။ လျှောက်လွှာတင်ရာတွင် အောက်ပါစာရွက်စာတမ်းများပါရှိရပါမည်။

(က) သင်တန်းလျှောက်လွှာ(၁)စောင်။

(ခ) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ(၁)စောင်။

(ဂ) လိုင်စင်ဓာတ်ပုံ(၃)ပုံ။

(ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကျေးရွာ/ရပ်ကွက်/မြို့နယ် ရဲစခန်းထောက်ခံစာ။

 

၎ ။၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့မှစ၍ အောက်ပါနေရာများတွင် လျှောက်လွှာများရယူ လျှောက်ထားနိုင်ပါသည်။

(က) အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)

ဆက်သွယ်ရန်ဖုန်းနံပါတ်-၀၉-၄၄၈၅၃၆၂၀၀၊ ၀၆၇-၄၀၁၄၂၅/၆

(ခ) အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)

ဆက်သွယ်ရန်ဖုန်းနံပါတ်-၁၉-၂၅၀၃၇၇၁၊ ၀၁-၆၄၁၆၉၆

(ဂ) အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)

ဆက်သွယ်ရန်ဖုန်းနံပါတ်- ၀၉-၇၉၁၃၇၁၂၇၄၊ ၀၂-၅၁၅၂၁၉၂

 

**လျှောက်လွှာများကို ၂၆-၄-၂၀၁၉ရက်နေ့မှ ၂၁-၄-၂၀၁၉ရက်နေ့အထိ နံနက် ၉ဝဝနာရီမှ ညနေ ၄းဝဝနာရီအထိ သက်ဆိုင်ရာကျောင်းအသီးသီးတွင်

ရယူလျှောက်ထားနိုင်ပြီးနောက်ဆုံး တင်ရမည့်ရက်မှာ ၂၈-၄-၂၀၁၉ရက်နေ့ဖြစ်ပါသည်။ **

 

၅။သင်တန်းဝင်ခွင့် လျှောက်လွှာများကို အပိုဒ်(၄)ပါ ကျောင်းများတွင် အခမဲ့ရယူနိုင်သည့်အပြင် www.mimuu.info

နှင့် https://bit.ly/2A3xiak တွင်လည်း (Download) လွယ်ကူစွာရယူနိုင်ပါသည်။လျှောက်လွှာအား ပြည့်စုံစွာဖြည့်စွက်ပြီး လိုအပ်သော ပူးတွဲ

အထောက်အထားများနှင့်တကွ သက်ဆိုင်ရာကျောင်းများ (သို့မဟုတ်) [email protected] သို့ပေးပို့လျှောက်ထား နိုင်ပါသည်။

 

၆။ သင်တန်းကို ကျား/မ မရွေး လျှောက်ထားနိုင်ပြီး သင်တန်းတစ်ခုလျှင် သင်တန်းသား/သူ (၁၂)ဦး လက်ခံသင်ကြားပေးမည်ဖြစ်ပါသည်။

 

၇။ သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီးထောက်ပံ့ကြေးလျှောက်ထားနိုင်ပါကြောင်းနှင့် သင်တန်း သား/ သူများအတွက် အစားအသောက်နှင့် နေထိုင်ရန် အဆောင်စီစဉ်ပေးမည်ဖြစ်ပါသည်။

(နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန)

Source: ကြေးမုံသတင်စာ

News Read 1495 times