Sales Hotline : 09448001653       Download App



CVT Myanmar မှ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား

CVT Myanmar မှ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား

CVT Myanmar မှသင်တန်းသား ၁၂၁ ဦးနှင့် သင်တန်းနည်းပြ ၄၄ ဦးကိုအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲကို ဧပြီ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ကမ်းနားလမ်းရှိ Strand Hotel တွင်ကျင်းပခဲ့သည်။

အသက်မွေးအတတ်ပညာသင်တန်းကျောင်းတစ်ခုဖြစ်သည့် CVT Myanmar ကျောင်း၏ စီးပွားရေးပညာ အထောက်အကူ ပြုသင်တန်းမှ အလုပ်သင် ၂၁ ဦး၊ လျှပ်စစ်ကျွမ်းကျင်မှုအထောက်အကူပြုသင်တန်းမှ အလုပ်သင် ၁၉ ဦး၊ ပရိဘောဂပြုလုပ်မှုအတတ်ပညာသင်တန်းမှ အလုပ်သင် ၇ ဦး၊ ဟိုတယ်နှင့်ဧည့်ဝတ်ပြုမှု ဆိုင်ရာအတတ်ပညာသင်တန်းမှအလုပ်သင် ၃၂ ဦး၊ သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်းမှအလုပ်သင် ၁၅ ဦး၊ လူငယ်စွန့်ဦးတီထွင်သင်တန်းမှသင်တန်းသား ၂၇ ဦး၊ကုမ္ပဏီတွင်းဆရာဖြစ်သင်တန်းမှ ဆရာ ၂၇ ဦး၊ သင်တန်းမှ ၁၂ ဦးနှင့် သင်တန်းမှ ၅ ဦး စုစုပေါင်း ၁၆၅ ဦးတို့အားသင်တန်းပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ခြင်းဖြစ်ပါသည်။

ဒီသင်တန်းသားတွေက ပိုမိုပြီးတော့ အဆင့်မြင့်တဲ့ကျွမ်းကျင်မှုတွေ ရရှိတဲ့အတွက် သူတို့လုပ်ငန်းမှာပိုပြီးတော့ အကျိုးပြုနိုင်မျာဖြစ်ပါတယ်။ဒါမှမဟုတ်လည်း ဒီလုပ်ငန်းခွင်ထက် ပိုမိုပြီးကောင်းမွန်တဲ့ ပြောင်းလဲဆောင်ရွက်မယ်ဆိုရင် သူတို့အတွက်ရော ပြောင်းလဲမယ့်လုပ်ငန်းအတွက်ပါ အကျိုးရှိပါတယ် ဟုပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါသည်။

Source: Daily Eleven

News Read 1032 times