Sales Hotline : 09448001653       Download App



အခမဲ့သင်ကြားပေးမည့် စင်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်းမှ လျှောက်လွှာခေါ်ယူ

အခမဲ့သင်ကြားပေးမည့် စင်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်းမှ လျှောက်လွှာခေါ်ယူ

(၁) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် (၁၆) နှစ်နှင့်အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်သည်။

(၂) သင်တန်းကာလ (၆) လကို ပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းအောင်မြင်ပါက သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု အောင်လက်မှတ်(Certificate) ရရှိပါမည်။

(၃) ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးပါမည်။

(၄) Engineering & Technology နှင့် Hospitality & Tourism ဘာသာရပ်များအတွက် လုပ်ငန်းခွင် ကျွမ်းကျင်သော သင်တန်းသား၊ သင်တန်းသူများ မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။

(၅) နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘောအရ ကျန်းမာရေးကောင်းသူဖြစ်ပြီး လက်တွေ့လုပ်ငန်းများ၊ စက်ရုံ၊ ကုမ္ပဏီ၊ ဟိုတယ်များသို့ ကွင်းဆင်းဆောင်ရွက်ရန်နှင့် ကျောင်းပြီးပါက လုပ်ငန်းခွင်သို့ ၀င်နိုင်မည့် သင်တန်းသား/သူများကို ဦးစားပေးပါမည်။

(၆) လျှောက်ထားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကျောင်းသား၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့နှင့်အတူ ပူးတွဲလျှောက်ထားရမည် ဖြစ်ပါသည်။

(၇) လျှောက်ထားသည့်အချိန်တွင် စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်း၊ ကျောင်းသား၏ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်း မူရင်းတို့အား (တိုက်ဆိုင်စစ်ဆေးရန်အတွက်) တစ်ပါတည်း တင်ပြနိုင်ရမည်။ မှတ်ပုံတင်မရှိပါက (၃) လတွင်း ပြုလုပ်ထားသော ရပ်ကွက်၊ ရဲစခန်းထောက်ခံစာမူရင်းနှင့်တကွ ပူးတွဲလျှောက်ထားနိုင်ပါသည်။

(၈) လျှောက်ထားသူများ Interview ဖြေဆိုရပါမည်။

(၉) Hospitality & Tourism ဘာသာရပ်လျှောက်ထားသူများ ပတ်(စ်)ပို့ ဓာတ်ပုံ (၁) ပုံ ယူလာရပါမည်။

ဖွင့်လှစ်မည့် သင်တန်းများ

Courses for Hospitality & Tourism

1. Front Office Operations

2. Housekeeping Operations

3. Restaurant Operations

4. Retail Operations

Courses for Engineering & Technology

1. Electrical Engineering

2. Electronic

3. Residential Air-Conditioning

4. Building Fixtures & Equipment

5. Mechatronics (Basic Servicing)

6. General Welding

သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၁၉ ခုနှစ်၊ မေ ၆ ရက်

သင်တန်းနေရာ - SMVTI သက်မွေးပညာသင်တန်းကျောင်း အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဆက်သွယ်စုံစမ်းရန် - ဖုန်း ၀၉-၇၈၁၀၀၂၅၇၂ (General Office)

(လျှောက်ထားခြင်းကို ၄.၂.၂၀၁၉ ရက်မှ ၁၅.၂.၂၀၁၉ ရက်အထိ နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀နာရီအတွင်း လျှောက်ထားနိုင်ပါသည်။)

မှတ်ချက်။    ။ အစိုးရရုံးပိတ်ရက်များ ပိတ်မည်ဖြစ်ပါသည်။

News Read 17159 times