Sales Hotline : 09448001653       Download App



ဘက်စုံအသက်မွေးဝမ်းကျောင်းပညာရပ်များဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြားပေးမည်

ဘက်စုံအသက်မွေးဝမ်းကျောင်းပညာရပ်များဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြားပေးမည်

ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ဘက်စုံသက်မွေးပညာသင်ဌာနက ဘက်စုံအသက်မွေးဝမ်းကျောင်း ပညာရပ်များ ဆိုင်ရာ သင်တန်းများကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။

အဆိုပါသင်တန်းများမှာ အခြေခံလျှပ်စစ်သွယ်တန်းမှုသင်တန်း အခြေခံအီလက်ထရွန်နစ်သင်တန်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင်မှုသင်တန်း၊ လျှပ်စစ်ဂဟေဆက်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း စသည့် အသက်မွေးဝမ်းကျောင်းပညာရပ် ခြောက်မျိုးကို သင်ကြားပေးမည် ဖြစ်သည်။

ယင်းသင်တန်းများတက်ရောက်ရန်အတွက် အကျင့်စာရိတ္တကောင်းမွန်ပြီး အခြေခံကွန်ပျူတာ သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အနည်းဆုံး အဌမတန်းအောင်ရမည်ဖြစ်သည်။

အခြားသင်တန်းများအတွက် မြန်မာစာရေးတတ်၊ ဖတ်တတ်သူဖြစ်ကာ အသက် ၁၈ နှစ်နှင့်အထက် ရှိရမည်ဖြစ်သည်။

၎င်းသင်တန်းများအား တက်ရောက်လိုသူများအနေဖြင့် ပခုက္ကူမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးများတွင် သင်တန်း လျှောက်လွှာ များကို ထုတ်ယူလျှောက်ထားနိုင်ပြီး ဇန်န၀ါရီ ၂ ရက်မှ ၂၅ ရက်အထိ လျှောက်လွှာများအား စိစစ်လက်ခံကြမည်ဖြစ်သည်။

သင်တန်းသားများရွေးချယ်ခြင်း - ဇန်န၀ါရီ ၂၈ရက်မှ ၃၀ ရက် အထိ ပြုလုပ်သွားမည် ဖြစ်သည်။

သင်တန်းလက်ခံမည့် ဦးရေ

အခြေခံလျှပ်စစ်သွယ်တန်းမှုသင်တန်း - ၁၂ ဦး၊

အခြေခံအီလက်ထရွန်နစ်သင်တန်း - ၁၂ ဦး၊

တစ်လုံးထိုးအင်ဂျင်ပြုပြင်မှုသင်တန်း - ၂၅ ဦး၊

လျှပ်စစ်ဂဟေဆက်သင်တန်း - ၁၂ ဦး၊

အခြေခံကွန်ပျူတာ သင်တန်း - ၃၀ ဦးနှင့်

အခြေခံစက်ချုပ်သင်တန်း - ၁၀ ဦး

တက်ရောက်ခွင့်ရ သင်တန်းသားစာရင်းများကို ဇန်န၀ါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

ထို့ပြင် သင်တန်းတက်ရောက်မည့် သင်တန်းသား/သူများအနေဖြင့် သက်ဆိုင်ရာကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥက္ကဌမှ ထောက်ခံပါက တည်းခိုနေထိုင်စရာများ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

source: democracy

News Read 2451 times