Sales Hotline : 09448001653       Download App



အင်းစိန်မြို့နယ် အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း အဆင့်မြှင့်တင်မည်

အင်းစိန်မြို့နယ် အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း အဆင့်မြှင့်တင်မည်

ယနေ့နံက်ပိုင်းတွင် အင်းစိန်မြို့နယ် စဥ့်ငူအောင်ဆန်း ရပ်ကွက်ရှိ အောင်ဆန်းစက်မှုလက်မှု သက်မွေးပညာ သင်တန်းကျောင်းအား ဂျပန်အစိုးရ၏ အကူအညီဖြင့် လက်ရှိ ပင်မ အဆောက်အဦးအား ဖြိုဖျက်ပြီး အဆင့် မြင့်ကျောင်းဆောင်အသစ်ဆောက်လုပ်မည့် ဆွေးနွေးပွဲ အခမ်းအနားအား အဆိုပါကျောင်းဆောင်ဟောင်းခန်းမတွင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပညာရေးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီး/ ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ လမ်းပန်ဆက်သွယ်ရေး ဝန်ကြီး/ လှုမှုရေးဝန်ကြီး အင်းစိန်မြို့နယ်ရှိ ပြည်သူလွှတ်တော်/အမျိုးသားလွှတ် တော်/ တိုင်းဒေသကြီး(၁)/တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်များ/ခရိုင်မြို့နယ်နှင့် ရပ်ကွက်အုပ်ချူ ပ်ရေးမှူးများ/မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများတက် ရောက်ခဲ့ပါသည်။

အခန်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးမှ အောင်ဆန်းစက်မှုလက်မှုအသက်မွေးဝမ်းကျောင်း အဆောက်အဦးသည်။

နှစ်ပေါင်း(၆၀)ကျော်ကြာခဲ့ပြီးဖြစ်သဖြင့် ကျောင်းမျက်နှာစာအပါအဝင်အတွင်းပိုင် ၌ အတော်အခြေအနေဆိုးရွားစွာ မြင်တွေ့နေပါသဖြင့် ယခုမိမိတို့၏ အစိုးရလက် ထက်တွင် ဂျပန်နိုင်ငံအစိုးရမှ ကူညီဆောင်ရွက်ချက်ဖြင့်ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း...

အထူးသဖြင့်ယခုကျောင်းဆောင်အသစ်များ ပေါ်ပေါက်အောင်ဆောင်ရွက်ချက်များတွင် ဒေသခံလွှတ်တော် ကိုယ်စားလှယ်မျာ၏ကြိုးစားမှုကြောင့်လည်း ဖြစ်ပါ ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

ထို့နောက်ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌဦးတင်မောင် ထွန်းမှအမှာ စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အင်းစိန်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် လွှတ်တော်ကိုယ် စားလှယ် များမှလည်း မိမိတို့မြို့နယ်သူ/သားများအတွက် ယခုလိုဆွေနွေး ညှိုနှိုင်း ဆောင်ရွက်ခဲ့ရသည့်အတွက် အလွန်ကျေနပ်ရပါကြောင်း ထို့အပြင်ပင်မကျောင်းဆောင် အနောက်ရှိ " မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်တစ်ခုတည်းရှိသည့် ဗိုလ်ချူ ပ်အောင်ဆန်း ကတော် ဒေါ်ခင်ကြည် ကိုယ်တိုင် ပန္နက်ချခဲ့သည် ဗိုလ်ချူ ပ်အောင်ဆန်းထိုင်လျက် ကြေးရုပ်ထု ပန်းခြံအား အဘက်ဘက် မွမ်းမံပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်း ကိုကြားသိရ၍ မြို့နယ်နေ ပြည်သူများ ကိုယ်စားဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့အပြင် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးများမှ လည်း လွှတ်တော်ကိုယ်စားလှယ်များနဲ့အတူ ပူးပေါင်း ၍ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

နိဂုံးချု ပ်အနေဖြင့် ဒေသခံရပ်မိရပ်ဖများမှ မိမိတို့တစ်သက်တာ ယခုလို အခြေအနေများ ပေါ်ပေါက်လာမည်ဟု မမြင်မိပါကြောင်း ပြည်သူအစိုးရလက်ထက်တွင် မိမိတို့၏ကျေးဇူရှင် ဗိုလ်ချူ ပ်အောင်ဆန်းပုံရိပ်ကိုလည်း မဖြောင့်ပျက်ပဲ အမေရိကန်ဒေါ်လာ သန်း၂၀ကျော် အကုန်ကျခံ ဆောင်လုပ်ပေးသွားမည် ကျောင်းဆောင် အဆောက်အဦး များအတွက် အစွမ်းကုန်ကြိုးစား ဆောင်ပေးမည့်သူ အားလုံးကို အထူးကျေးဇူးတင်ရှိ ပါကြောင်းပြောကြားခဲ့ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source:Kyaw Moe FB

News Read 2638 times