Sales Hotline : 09448001653       Download App



၈ တန်းအောင်ပြီးသူတိုင်း အခမဲ့တက်ရောက်နိုင်တဲ့ စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း

၈ တန်းအောင်ပြီးသူတိုင်း အခမဲ့တက်ရောက်နိုင်တဲ့ စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း(လှိုင်သာယာ) စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း Food & Beverages Vocational Training (F&BVT) အပတ်စဉ် (၁) သင်တန်းသားများခေါ်ယူနေပါသည်။

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် မေတ္တာအလင်းအသင်း (Myitta-A-Lin Association)၊ Korea International Cooperation Agency (KOICA) နှင့် ကိုရီးယားနိုင်ငံအခြေစိုက် WITH အဖွဲ့ အစည်းတို့၏ ပူပေါင်းဆောင်ရွက်မှုဖြင့် အပတ်စဉ် (၁) သင်တန်းကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်ပါမည် -

(၁) သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၉) ရက်

(၂) သင်တန်းဖွင့်လှစ်မည့်နေရာ - GTHS (လှိုင်သာယာ)၊ ဗိုလ်အောင်ကျော်လမ်း (မီးခွက်ဈေးအနီး၊ မီးခွက်ဈေးမှတ်တိုင်တွင် ဆင်းရပါမည်)

(၃) ပို့ချမည့်သင်တန်းများ

• ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်း (Baking & Confectionery Course) - သင်တန်းသား (၂၀) ဦး၊

• အနောက်တိုင်းနှင့် အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်း (Food Service and Culinary Course) - သင်တန်းသား (၂၀) ဦး၊

• ကော်ဖီနှင့် ဖျော်ရည်သင်တန်း (Beverage Course) - သင်တန်းသား (၂၀) ဦး၊

(၄) သင်ကြားမည့်ကာလ (စုစုပေါင်း (၁၆) ပတ်)

• ၂၉.၁၀.၂၀၁၈ မှ ၂၅.၁.၂၀၁၉ (၁၂ ပတ်) ----- စာတွေ့နှင့်လက်တွေ့ သင်ကြားခြင်း

• ၂၈.၁.၂၀၁၉ မှ ၂၂.၂.၂၀၁၉ ( ၄ ပတ်) ----- လုပ်ငန်းခွင်လက်တွေ့ ဆင်းခြင်း၊

(၅) သင်တန်းသား၊ သင်တန်းသူတို့၏ လိုအပ်ချက်များ

(က) အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) အောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူဖြစ်ရပါမည်။

(ခ) အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းခွင်နှင့်သင့်တော်သော ကျန်းမာရေးရှိရပါမည်။ ။

(ဂ) သင်တန်းတက်ရောက်ခွင့်ရသောနေ့တွင် အသက် (၁၅) နှစ်ပြည့်ပြီး အသက် (၂၀) နှစ်ထက်မကြီးသူဖြစ်ရပါမည်။

(၆) ထောက်ပံ့မှုအစီအစဉ်များ သင်တန်းများသည် အခမဲ့သင်တန်းများ ဖြစ်သည့်အပြင်

- သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း

- သင်တန်းတက်ရောက်နေသည့် ကာလအတွင်း လစဉ်လမ်းစရိတ် (၃၀၀၀၀) နှင့် နေ့လည်စာကျွေးခြင်း ၊

-သင်တန်းဝတ်စုံနှင့် လက်တွေ့ခန်းဝတ်စုံ ထောက်ပံ့ပေးခြင်း (အနက်ရောင်ဘောင်းဘီရှည်ကို သင်တန်းသားမှ ကိုယ်တိုင်ဝယ်ယူ ဝတ်ဆင်ရပါမည်။)

- ထူးချွန်ကျောင်းသားကျောင်းသူများကို သင်တန်းပို့ချသည့် ကာလပြီးဆုံးသွားလျှင် အလုပ်အကိုင်မိတ်ဆက်ပေးခြင်းတို့ကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

(၇) သင်တန်းဆင်းလက်မှတ်

သတ်မှတ်ကျောင်းခေါ်ချိန်ပြည့်မီ၍ စာမေးပွဲ အောင်မြင်ပြီး လုပ်ငန်းခွင်လက်တွေ့ သင်တန်း ပြီးမြောက်သူများသည် သင်တန်း ပြီးဆုံးကြောင်း အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ် (certificate) ရရှိမည် ဖြစ်ပါသည်။

(၈) လျောက်လွှာတင်ရန် လိုအပ်သော စာရွက်စာတမ်းများ -

(၁) ဝင်ခွင့်လျှောက်လွှာ၊

(၂) ပတ်စ်ပို့ ဓာတ်ပုံတစ်ပုံ၊

(၃) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊

(၄) ပညာအရည်အချင်းအတွက်ထောက်ခံချက်၊

(၅) ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်။

ဝင်ခွင့်လျှောက်လွှာကို အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ရုံးခန်း နှင့် WITH-မေတ္တာအလင်းအသင်း ရုံးခန်း တို့တွင် ရယူနိုင်ပြီး Facebook Page: F&BVT မှလည်း Download ဆွဲယူနိုင်ပါသည်။

( ၁၉ - ၉ -၂၀၁၈) ရက်နေ့မှ ( ၁၉ - ၁၀ -၂၀၁၈) ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၄) နာရီ အတွင်း အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) ရုံးခန်းသို့ လျှောက်ထားနိုင်ပါသည်။ (အစိုးရရုံးပိတ်ရက်များ ပိတ်မည် ဖြစ်ပါသည်။)

လူတွေ့မေးမြန်းခြင်း

(က) သတ်မှတ်ထားသည့်အရည်အချင်းများပြည့်မီသောလျှောက်ထားသူများသည် လူတွေ့ မေးမြန်းခြင်း(Interview) ဖြေဆိုရပါမည်။

(ခ) လူတွေ့မေးမြန်း၍ ဖြေဆိုအောင်မြင်သူများသည် ကျန်းမာရေးဆေးစစ်ချက် ဆက်လက်ခံယူပြီး ရောဂါကင်းရှင်းသူဖြစ်မှသာ ဝင်ခွင့်ရမည်ဖြစ်သည်။

(၈) ဆက်သွယ်ရန်

အသေးစိတ်အချက်အလက်များသိရှိလိုပါကအစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ) ဖုန်း(၀၁၃-၆၄၁၆၉၆)၊ နှင့် WITH-မေတ္တာအလင်းအသင်းဖုန်း ၀၉-၇၈၉၂၃၉၈၈၆၊ ၀၉-၄၅၈၆၃၁၀၆၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်း နိုင်ပါသည်။

လိပ်စာ။ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)၊ ပြည်တော်သာ၊ ဘုရင့်နောင်လမ်းမကြီး၊ အင်းစိန်မြို့နယ်။ WITH-မေတ္တာအလင်းအသင်း၊ အမှတ်(၅၉၂) ဓမ္မာရုံလမ်း၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

News Read 3984 times