Sales Hotline : 09448001653       Download App



ပထမဆုံးအကြိမ် ဖွင့်လှစ်မည့် မြန်မာ့ဝါးလက်မှုပညာသင်တန်း

ပထမဆုံးအကြိမ် ဖွင့်လှစ်မည့် မြန်မာ့ဝါးလက်မှုပညာသင်တန်း

(Bamboo Handicraft) အခြေခံနည်းစဉ်သင်တန်းနှင့် အဆင့်မြင့်နည်းစဉ် သင်တန်းတို့ကို စက်တင်ဘာလ ၁ ရက်မှ စတင်၍ မန္တလေးမြို့တွင် ပထမဦးဆုံး အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်သည်။

"ကိုယ်တတ်ထားတဲ့ပညာရပ်တစ်ခုကို ဝေမျှပေးချင်တာရယ်၊ သင်ကြားလိုသူတွေကြောင့် သင်တန်းကို ပထမဦးဆုံးစတင်ဖွင့်လှစ်တာပါ၊ သင်ထောက်ကူပစ္စည်းများအတွက် သင့်တော်မယ့်သင်တန်းကြေးတစ်ခုကို သတ်မှတ်မှာဖြစ်ပြီး ငွေကြေးမတတ်နိုင်တဲ့ သူတွေအတွက်လည်း ညှိနှိုင်းလက်ခံပေးသွားမှာပါ။

သင်တန်းပြီးသွားတဲ့အခါ သင်တန်းဆင်းတွေရဲ့လက်ရာများကို စုစည်းပြီးတော့ ၀ါးလက်မှုဆိုင်ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်" ဟု ပြောသည်။

သင်တန်းကာလမှာ ၁၀ ရက်ကြာမြင့်မည်ဖြစ်သည်။

အခြေခံနည်းစဉ်သင်တန်းတွင်

- ၀ါးကို ပိုးမစား၊ ခြမကိုက်စေရန် ပေါင်းနည်း၊ နှီးကို ခွဲခြမ်းစိတ်ဖြာကိုင်တွယ်နည်း၊ နှီးရေခွက်နှင့် ၀ါးခွက်အမျိုးမျိုးပြုလုပ်နည်း၊ ၀ါးရေတကောင်း၊ နှီးမီးအိမ်နှင့် ၀ါးမီးအိမ်ပြုလုပ်နည်းများ၊ ၀ါးကို စနစ်တကျစီမံအသုံးချနည်း၊ ၀ါးနှီးနှင့် ၀ါးလုံးသား သင်ထောက်ကူပစ္စည်းများကို စနစ်တကျ  ကိုင်တွယ်အသုံးချနည်း၊ ၀ါးအရောင်တင်နည်းနှင့်

အဆင့်မြင့်နည်းစဉ်သင်တန်းတွင်

- ၀ါးနှီးမီးအိမ်၊ ၀ါးလုံးသားမီးအိမ်၊ ၀ါးခွက်၊ ၀ါးရေတကောင်၊ ၀ါးပန်းအိုးပြုလုပ်နည်းများနှင့် ၀ါးကိုဆေးပေါင်းဆိုးနည်းတို့ကို သင်ကြားပေးမည် ဖြစ်သည်။

စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်း ၀၉-၇၈၇၈၅၂၉၉၀၊ ၀၉-၇၈၄၂၀၈၈ သို့ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 2345 times