Government School

၁၀တန်းအောင်မြင်သူများ အခမဲ့ တက်ရောက်နိုင်တဲ့ စင်ကာပူ-မြန်မာသက်မွေး သင်တန်းကျောင်း လျှောက်ထားနိုင်

ဟိုတယ်နှင့် ခရီးသွားလာရေးဘာသာရပ်များအနေဖြင့်  Front Office Operations,House Keeping Operations, Restaurant Operations, Retail Operations ဘာသာရပ်များ သင်ကြားမည်။

အင်ဂျင်နီယာဘာသာရပ်တွင် Electronics (Computer Networking)၊ Electrical Technology၊ Residential Air Conditioning, Building Fixtures and Equipments, General Welding၊ Mechatronics (Basic Services)၊ General Weldign ဘာသာရပ် သင်ကြားပေးမည်ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းအောင်ပြီး အသက် (၁၆) နှစ်ပြည့်သော မည်သူမဆို တက်ရောက်နိုင်ကာ သင်တန်းကာလ (၆) လကို အချိန်ပြည့်တက်ရောက်ရမည် ဖြစ်သည်။

"စင်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်းက မြန်မာအစိုးရနဲ့စင်ကာပူအစိုးရနဲ့ပူးပေါင်းဖွင့်လှစ်တာပါ၊ နတ်မောက်လမ်းက သက်မွေးသင်တန်းကျောင်းမှာ တစ်နှစ် ၂ ကြိမ် သင်တန်းခေါ်ယူပါတယ်။ လူတွေ့စစ်ပြီး သင်တန်းသားရွေးချယ်တယ်" ဟုပြောသည်။

သင်တန်းများကို နိုဝင်ဘာလ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ပညာရေးဝန်ကြီးဌာနနှင့်စင်ကာပူ အစိုးရက အသိအမှတ်ပြုသည့် သက်မွေးပညာကျွမ်းကျင် လက်မှတ် (SMVTI Certificate) ပေးအပ်မည် ဖြစ်သည်။

သင်တန်းဝင်ခွင့်ပုံစံများကို Singapore-Myanmar Vocational Training Institute အမှတ် (၁၂၃) နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကိုယ်တိုင်ထုတ်ယူပြီး သြဂုတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား လျှောက်ထား ရမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

လုပ်ငန်းခွင်အခြေအနေအတိုင်း ဖန်တီးသင်ကြားပေးသော လက်တွေ့ဦးစားပေး အချိန်ပြည့်သင်တန်းများဖြစ်ပြီး တန်းခွဲတစ်ခုလျှင် ကျောင်းသား ၄၀ နှုန်းဖြင့် လက်ခံရန် လျာထားသည်ဟု ဆိုသည်။

င်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်းကို သက်မွေးပညာဆိုင်ရာ နယ်ပယ်များတွင်

အထောက်အကူ ပြုစေနိုင်ရန်၊

လိုအပ်နေသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် မြန်မာနိုင်ငံရှိ လူငယ်၊ လူရွယ်များအား လေ့ကျင့်သင်ကြားပေးနိုင်ရန်၊

အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းကဏ္ဍ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များ တိုးမြှင့်နိုင်ရန်၊

အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြားပေးနိုင်ရန်၊

နိုင်ငံတကာဈေးကွက်နှင့် ယှဉ်ပြိုင်လာမည့် သက်မွေးပညာရပ်ဆိုင်ရာ ကျွမ်းကျင် လုပ်သားလိုအပ်ချက်များ ဖြည့်ဆည်းရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာက စတင်ဖွင့်လှစ်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: 7day daily

Read 3032 times
Rate this item
(3 votes)