Sales Hotline : 09448001653       Download App



အခမဲ့သင်ကြားပေးမယ့် အခြေခံအတတ်ပညာကာလတို သင်တန်းများ

အခမဲ့သင်ကြားပေးမယ့် အခြေခံအတတ်ပညာကာလတို သင်တန်းများ

 

ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်)တွင် အခြေခံအတတ်ပညာကာလတို သင်တန်းများကို တစ်နှစ်လျှင် လေးကြိမ်ခန့်ဖွင့်လှစ် သင်ကြားမည် ဖြစ်သည်။

 

ကာလတိုသင်တန်းများကို သင်တန်းကြေးများ အခမဲ့ဖြင့် တစ်လကြာသင်ကြားမည် ဖြစ်သည်။

 

သင်တန်းအမျိုးအစားအလိုက် သင်တန်းပြီးဆုံးသွားပါက ကျွမ်းကျင်မှုများ စစ်ဆေးအကဲဖြတ်ကာ အောင်မြင်သူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်သွားမည်ဖြစ်သည်။

 

ဖွင့်လှစ်သင်ကြားပို့ချပေးမည့်သင်တန်းများမှာ

 

- အခြေခံလက်သမားသင်တန်း၊

 

- အခြေခံပန်းရန်သင်တန်း၊

 

- အခြေခံပကွန်ပျူတာသင်တန်း၊

 

- အခြေခံဂဟေဆက်သင်တန်း၊

 

- အိမ်တွင်း၊ လျှပ်စစ်ကြိုးသွယ်တန်းခြင်း၊

 

- အိမ်သုံးစက်ကိရိယာပြုပြင်မောင်းနှင်ခြင်း သင်တန်းတို့ဖြစ်ပါသည်။

 

ထိုသင်တန်းများကို သြဂုတ်လ ၁ ရက်မှ ၃၁ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။

 

ထိုအခြေခံပညာအတတ်ပညာကာလတိုသင်တန်းများ ဖွင့်လှစ်ပေးရာတွင် အခြေခံကွန်ပျူတာသင်တန်းနှင့် အိမ်တွင်းလျှပ်စစ်ကြိုးသွယ်တန်းခြင်းသင်တန်းတို့တွင် သတ်မှတ်သင်တန်းသားဦးရေ ပြည့်နေပြီဖြစ်သည်။

 

ကျန်ရှိနေသော အခြေခံလက်သမားသင်တန်း၊ အခြေခံပန်းရန်သင်တန်း စသည့် သင်တန်းများတွင် သင်တန်းသားဦးရေ လစ်လပ်နေသဖြင့် လျှောက်လွှာများကို သြဂုတ်လ ၁ ရက်အထိ လာရောက်လျှောက်ထားနိုင်ပါသည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: မြ၀တီ

News Read 2739 times