Sales Hotline : 09448001653       Download App



နည်းပညာနှင့် သက်မွေးပညာ သင်တန်းကျောင်းများတွင် ဆရာ ၊ ဆရာမ လိုအပ်ချက် မြင့်မားနေ

နည်းပညာနှင့် သက်မွေးပညာ သင်တန်းကျောင်းများတွင် ဆရာ ၊ ဆရာမ လိုအပ်ချက် မြင့်မားနေ

မြန်မာနိုင်ငံတွင် အစိုးရ စက်မှုလက်မှုသိပ္ပံ ၂၂ ခု၊ အစိုးရ နည်း ပညာအထက်တန်းကျောင်း ၃၆ ခုနှင့် သက်မွေးပညာ သင်တန်း ကျောင်းလေးခု ဖွင့်လှစ်ထားပြီး ဘာသာရပ်သင်ကြားသော ဆရာ၊ ဆရာမ ၆၀၀ ကျော်  တာဝန်ထမ်း နေပါသည်။

အရင်တုန်းက ကျောင်းတွေ  ဖွင့်ထားခဲ့ပေမယ့် ဆရာ၊ ဆရာမ  မလုံလောက်ခဲ့ပါဘူး။

ဆရာ၊ ဆရာမလိုအပ်ချက် မြင့်မားနေပါတယ်။ ကျောင်း ၆၂ ကျောင်းအတွက် ဆရာ၊ဆရာမ ၁,၅၀၀ လောက်လိုအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန၊ နည်း ပညာ၊ သက်မွေးပညာနှင့် လေ့ ကျင့်ရေးဦးစီးဌာနတွင် လစ်လပ် နေသော သရုပ်ပြ ၄၁၀ ဦး၊ ကျွမ်း ကျင်(၄)နှင့် ကျွမ်းကျင်(၅) ၃၀၀  ဦး ရာထူးများအတွက် ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီ ၆ ရက် နောက်ဆုံးလျှောက်ထားရန် ကြေညာထားသည်။

B.Eဘွဲ့ရ၊ AGTI လက်မှတ်ရ နှင့် ITC/TTS ကျောင်းဆင်းများ အနေဖြင့် နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် ရေးဖြေစာမေး ပွဲနှင့် လူတွေ့စစ်ဆေးခြင်း ဆောင် ရွက်ရမည်ဖြစ်သည်။

Source: 7daydaily

Government School Read 3971 times