Sales Hotline : 09448001653       Download App



ကလေးအလုပ်သမားများကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးရန် ဆောင်ရွက်

ကလေးအလုပ်သမားများကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးရန် ဆောင်ရွက်

ကလေးအလုပ်သမားများကို ၀န်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် အနောက်ပိုင်းခရိုင် မြို့နယ်နှစ်မြို့နယ်ဖြစ်သည့် စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ် တို့ရှိ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေသော ကလေးအလုပ်သမား အရေအတွက်ကို စာရင်းကောက်ယူခဲ့ပါသည်။

ကလေးများ၏ ဆန္ဒအလျောက် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးနိုင်ရန် ဆိုင်ရှင်များနှင့် ခေါ်ယူဆွေးနွေးနေပါသည်။

ထိုလုပ်ငန်းစီမံချက်ကိုလည်း မြို့နယ်တိုင်းတွင် ဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ကလေးလူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်၍ ကလေးသူငယ်နည်းဥပဒေများကို ပြဌာန်းပြီး ကလေးများ၏ အခွင့်အရေး ၄ ရပ် ဖြစ်သော အသက်ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် စသည်တို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

လက်ရှိတွင် ကလေးသူငယ်မှုခင်းများ ၊ ကလေးငယ်များ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများ တစ်နေ့တစ်ခြား များပြားလာသည်ကို တွေ့ရကြောင်း နှင့် ဖြေရှင်းဆောင်ရွက်ရန် အစိုးရတွင် တာဝန်ရှိသကဲ့သို့ မိဘ ၊ ဆွေမျိုး ၊ ပတ်ဝန်းကျင်နှင့် လူမှုရေးအဖွဲ့အစည်းများတွင်လည်း တာဝန်ရှိပါသည်။

ကလေးများအနေဖြင့် မိမိတို့ရရှိရမည့် အခွင့်အရေးများကို မသိရှိကြ၍ ကလေးအများစုသည် မိမိတို့ရပိုင်ခွင့်များ ဆုံးရှုံးနေကြရခြင်း ဖြစ်ပါသည်။

ကလေးသူငယ်ကိစ္စရပ်များအနေဖြင့် လမ်းပေါ်ကလေးအများဆုံးရှိသော နေရာများတွင် ကာကွယ်စောင့်ရှောက်နိုင်သော အခွင့်အရေးများနှင့် ပတ်သက်သော ဟောပြောပွဲများ ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါသည်။

ကလေးမိဘများအနေဖြင့်လည်း ကလေးများ၏ အခွင့်အရေးများကို အပြည့်အ၀ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

Source: ကြေးမှုံ

News Read 3165 times