Sales Hotline : 09448001653       Download App



အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) တွင် အခမဲ့ ကာလတို သင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) တွင် အခမဲ့ ကာလတို သင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

ကာလတိုသင်တန်းများမှာ အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်း (Electrical Wiring Installation) ၊ အီလက်ထရောနစ် အခြေခံ ကျွမ်းကျင်မှုသင်တန်း (Basic Electronics) ၊ အခြေခံ ဂဟေဆက်သင်တန်း (Fitting and Welding) ၊ အခြေခံ ကွန်ပျူတာသင်တန်း (Basic Computer) တို့ဖြစ်ပါသည်။

အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်း ၊ အီလက်ထရောနစ် အခြေခံ ကျွမ်းကျင်မှုသင်တန်းနှင့် အခြေခံ ဂဟေဆက်သင်တန်း တို့တွင် သင်တန်းသားဦးရေ ၁၅ ဦးသာ လက်ခံမည်ဖြစ်ပြီး အခြေခံ ကွန်ပျူတာသင်တန်းတွင် သင်တန်းသားဦးရေ ၃၀ အထိ လက်ခံ သင်ကြားပေးမည် ဖြစ်ပါသည်။

သင်တန်းဝင်ခွင့်အတွက် လိုအပ်ချက်များ

- မူလတန်းအောင်မြင်ပြီး အသက် ၁၈ နှစ် ပြည့်ပြီး အသက် ၄၀ မကျော်လွန်သူ ဖြစ်ရမည်။

- ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသားများ ဖြစ်ရမည်။

- လျှောက်လွှာမူရင်းတစ်စောင်နှင့်အတူ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူတစ်စောင် ၊ လိုင်စင် ဓာတ်ပုံ ၃ ပုံ ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် ရဲစခန်းမှ ထောက်ခံစာမူရင်းများဖြင့် တင်ပြ လျှောက်ထားရမည် ဖြစ်သည်။

လျှောက်လွှာများကို အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) တွင် ရယူနိုင်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်သည်။

Contact Detail

ဖုန်း - ၀၉၄၄၈၅၃၆၂၀၀၊ ၀၆၇-၄၀၁၄၂၅၊ ၀၆၇-၄၀၁၄၂၆

Source: Government Technical High School

Government School Read 3675 times