Sales Hotline : 09448001653       Download App



အဝေးသင်တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် သင်တန်းများကျောင်းအပ်လက်ခံမည့်ရက် တစ်လ ထပ်တိုး ပေးကြောင်း ထုတ်ပြန်

အဝေးသင်တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် သင်တန်းများကျောင်းအပ်လက်ခံမည့်ရက် တစ်လ ထပ်တိုး ပေးကြောင်း ထုတ်ပြန်

သတ်မှတ်ထားသော်လည်း ကျောင်းအပ်လက်ခံ မည့်ရက်ကို ဇွန် ၁၅ ရက်အထိ တစ်လထပ်တိုးမြှင့် သတ်မှတ် ပေးထားကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဝေးသင်တက္ကသိုလ် ကျောင်းဝင်မှတ်ပုံတင်ရက် ကျော်လွန်သွားပါသဖြင့် ကျောင်းဝင်မှတ်ပုံတင်ခြင်း မပြုခဲ့ရသော ဒုတိယနှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား အကြောင်းပြချက် ခိုင်လုံစွာဖြင့် တင်ပြလာပါက သက်ဆိုင်ရာ ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ အစီအစဉ်ဖြင့် ဇွန် ၁၅ ရက်အထိ စိစစ်လက်ခံပေးရန် ရန်ကုန်အဝေးသင်တက္ကသိုလ်က ထပ်တိုးသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

ကျောင်းဝင်မှတ်ပုံတင်နောက်ကျသော ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေခြင်းများသည် အနည်းဆုံး ရက်သတ္တပတ် သုံးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများကိုလည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၁ရက်မှစတင်ကာ ကျောင်းအပ် လက်ခံခဲ့ပြီး ကျောင်းအပ်လက်ခံ မည့်နောက်ဆုံးရက်ကို ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်အထိ သတ်မှတ်ထား သော်လည်း ကျောင်းအပ်လက်ခံမည့် ရက်ကို ဧပြီ ၃၀ ရက်အထိ တစ်လထပ်တိုးမြှင့် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ပထနှစ်သင်တန်းများအတွက်ပထမနှစ်ဝက် Assignment နောက်ဆုံးတင်သွင်းရက်မှာ မေ ၃၁ ရက်၊ ဒုတိယနှစ်ဝက် Assignment နောက်ဆုံးတင်သွင်းရက်မှာ ဇူလိုင် ၃၁ ရက်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

ဒုတိယနှစ်နှင့်အထက် သင်တန်းများအတွက် ပထမနှစ်ဝက် Assignment နောက်ဆုံး တင်သွင်းရက်မှာ ဇွန် ၃၀ ရက်၊ ဒုတိယနှစ်ဝက် Assignment နောက်ဆုံးတင်သွင်းရက်မှာ ဩဂုတ် ၃၁ ရက်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

အဝေးသင်တက္ကသိုလ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်ဟု နှစ်ခုရှိပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လက်အောက်တွင် ဌာနခွဲ ၁၅ ခုနှင့် မန္တလေးအဝေးသင် တက္ကသိုလ်၏ လက်အောက်တွင် ဌာနခွဲ ၂၁ ခုရှိပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အထိ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ငါးသိန်းကျော်ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: စံတော်ချိန်

News Read 1855 times