Sales Hotline : 09448001653       Download App



တက္ကသိုလ်ဆရာ၊ ဆရာမများကို ၀တ်စုံအခမဲ့ပေးမည်

တက္ကသိုလ်ဆရာ၊ ဆရာမများကို ၀တ်စုံအခမဲ့ပေးမည်

ယင်းဌာနအောက်ရှိ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များမှ သင်ကြားရေး ဆရာ၊ ဆရာမများ ၀တ်စုံတစ်စုံစီ အခမဲ့ရရှိမည် ဖြစ်ပြီး ယင်းဌာနအောက်တွင် ဆရာ၊ ဆရာမဦးရေ နှစ်သောင်းကျော်ရှိသည်။

“ဆရာ၊ ဆရာမများအတွက် ၀တ်စုံတစ်စုံကို ကျပ် တစ်သောင်းနှုန်း တန်ဖိုးဖြတ်ပြီး အမှတ် (၁) အကြီးစာ စက်မှုလုပ်ငန်းနဲ့ချိတ်ပြီး ထုတ်ပေးတာပါ။ ဘတ်ဂျက်ကတော့ အခြေခံပညာက ဘတ်ဂျက်နဲ့ လုပ်ဆောင်ပေးတာဖြစ်ပါသည်။”

ဝတ်စုံတစ်စုံစီ အခမဲ့ပေးခြင်းသည် ဆရာ၊ ဆရာမများအတွက်သာ ဖြစ်ပြီး ကျန်သည့် စီမံဌာနအသီးသီးမှ ၀န်ထမ်းများ အကျုံးမ၀င်ကြောင်း၊ အခြေခံပညာဆရာ၊ ဆရာမများကို ၀တ်စုံတစ်စုံစီ အခမဲ့ပေးသည့် တက္ကသိုလ် ဆရာ၊ ဆရာမများကိုလည်း ထောက်ပံ့ပေးခြင်း ဖြစ်သည်။

တက္ကသိုလ်ဆရာ၊ ဆရာမများကို ထောက်ပံ့ပေးမည့် ၀တ်စုံများကို စက်မှု (၁) ထံမှာယူချုပ်လုပ်ထားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၃၃ ကျောင်းရှိသည်။

အခြေခံပညာမှ ဆရာ၊ ဆရာမများကိုလည်း ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာသင်နှစ် အောက်တိုဘာလမှစ၍ ၀တ်စုံတစ်စုံလျှင် တစ်သောင်းနှုန်း တန်ဖိုးဖြတ်၍ အခမဲ့ ထောက်ပံ့ပေးခဲ့သည်။

သို့သော်နောက်ပိုင်းတွင် အကျီ င်္အရွယ်အစား ကွားခြားမှုရှိသောကြောင့် အကျီ င်္အစား ကျပ် ၅၀၀၀ ကို ဆရာ၊ ဆရာများထံ ငွေသားဖြင့် ထောက်ပံ့ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: thevoice

News Read 2046 times