Sales Hotline : 09448001653       Download App



Scholarship လျှောက်လျှင် သိထားသင့်သော အချက်များ

Scholarship လျှောက်လျှင် သိထားသင့်သော အချက်များ

- Full scholarship သည် နေစရိတ်၊ စားစရိတ်ပါ ပါဝင်သည်.. လေယာဉ်လက်မှတ်ဖိုး အသွားအပြန်စာ ပါတတ်သည်.. Partial scholarship သည် ကျောင်းလခ၅၀% လျှော့ပေးခြင်းမျိုး ဖြစ်တတ်သည်..

တစ်ကမ္ဘာလုံးကလူတွေ စုပြုံလျှောက်သော စကောလားရှစ်ထက် မြန်မာနိုင်ငံသားများအတွက် သီးသန့်ကိုယ်တာဖြင့် ပေးသော စကောလားရှစ်လျှောက်လျှင် ရနိုင်ချေ ပိုများသည်.. ကျောင်းတွေမှ ပေးသော စကောလားရှစ်သည် အစိုးရ၊ အစိုးရမဟုတ်သော ပြင်ပအဖွဲ့အစည်းများမှ ပေးသော စကောလားရှစ်များထက် ရနိုင်ချေ နည်းသည်

မိမိက အရမ်းတော်လျှင် ကျောင်းတွေမှ ပေးသော စကော်လားရှစ် ရနိုင်မည်။

အစိုးရများ၊ အစိုးရမဟုတ်သော ပြင်ပအဖွဲ့အစည်းများသည် သုံးလေးငါးနှစ် တက်ရသော Bachelor Degree ထက် "Master Degree" (တစ်နှစ်တန်း) ကိုသာ ပေးလေ့ရှိသည်.. မာစတာတန်းစကောလားရှစ်လျှောက်ရန် အစိုးရအသိအမှတ်ပြုတက္ကသိုလ်မှ ဘွဲ့ရထားရမည်..

MBA, Engineering, Business Management, Hotel Management, Finance, Nuclear, Aircraft, IT, Fashion and design, Law, ဆေးဘက်ဆိုင်ရာနှင့်ဆိုင်သော မေဂျာများ၊ (ကိုယ့်တစ်ယောက်စာ ပိုက်ဆံရှာကောင်းမည်ဟု ယေဘုယျသတ်မှတ်သော မေဂျာများ) စကောလားရှစ် ပေးလေ့မရှိ

Education, Development Studies, Peace, Economics, Public Administration, Environmental Engineering, Archaeology, Disaster Management, international relation, Agriculture, Mining, Governance and Natural Resources Management, Humanitarian Support တို့သည် စကော်လားရှစ် ရနိုင်ခြေများသော ဘာသာရပ်များ ဖြစ်သည်။

ကျောင်းတက်စဉ် Bachelor Degree က GPA အမှတ်ကောင်းရန် လိုသည်.. အမှတ်မကောင်းလျှင် စကောလားရှစ်ရရန် ခက်သည်.. ကိုယ်ရထားသော ဘွဲ့နှင့် မေဂျာမတူသည့် မာစတာ လျှောက်ခွင့်ရှိသည်.. သို့သော် အလုပ်အတွေ့အကြုံ (၂)နှစ်ခန့် ရှိရမည်.. Part time, Internship, Apprenticeship, Volunteers ဘာဖြစ်ဖြစ် ရတတ်သည်.. သို့သော် ကိုယ်လျှောက်မည့် ဘာသာရပ်နှင့်ဆိုင်သော အလုပ်အတွေ့အကြုံ ဖြစ်ရမည်.. ဒီနေ့ဘွဲ့ရ မနက်ဖြန် စကော်လားရှစ် ရသည်ဟု မရှိတတ်..

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Poe Phyu Than fb

Tips Read 4433 times