Sales Hotline : 09448001653       Download App



နိုင်ငံခြားကျောင်းသွားတက်မည့်သူတွေ သေချာစဉ်းစားသင့်တဲ့အချက် (၆ချက်)

နိုင်ငံခြားကျောင်းသွားတက်မည့်သူတွေ သေချာစဉ်းစားသင့်တဲ့အချက် (၆ချက်)

ဒါမှမဟုတ် ကိုယ်ကျောင်းပြီးသွားတဲ့ အချိန်မှာ အဲဒီနိုင်ငံမှာ ဆက်နေပြီးတော့မှ အလုပ်လုပ်လို့ရလား?

အဲဒီနိုင်ငံသား ခံယူလို့ရလား?

စသည့်အချက်တွေကို သေသေချာချာစဉ်းစားပါ။

ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့နိုင်ငံတွေက part-time လုပ်လို့ မရပါဘူး

ကျောင်းပြီးသွားလို့ သူတို့နိုင်ငံသား ခံယူချင်ရင်တော့ Australia, New Zealand, USA and Canada ကို သွားပါ

၂. ဘယ် University ကို သွားမလဲ

ဖြစ်နိုင်ရင် အမှတ်ကောင်းရင် ကောင်းသလို Ranking ကောင်းတဲ့ University ကို ရွေးပါ။

ပြီးရင် ကိုယ်သွားမယ့် university ရဲ့ locationကို သေသေချာ ရွေးပါ။

ကိုယ်က busy lifestyle ကို ကြိုက်လား ဒါမှမဟုတ် အေးအေးဆေးဆေး နေရတာကို ကြိုက်လား၊

၃. ဘယ်ဘာသာကို လေ့လာမလဲ။

တစ်ချို့ဘွဲ့တွေက အလုပ်ရှာရတာ အရမ်းခက်တဲ့အတွက် သေသေချာချာရွေးပါ.။

ကိုယ်သွားမယ့်နိုင်ငံက အလုပ်များများခေါ်တဲ့ ဘာသာရပ်တစ်ခုကို လေ့လာပါ.

နိုင်ငံခြားမှာလည်း ဘွဲ့ရလျက် ပန်းကန်ဆေးနေရတဲ့သူတွေ၊ Taxi မောင်းနေတဲ့သူတွေ၊ Uber မောင်းနေသူတွေလည်း အများကြီးရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရထားတဲ့ဘွဲ့က အလုပ်ရှာရတာ အရမ်းကို ခက်လို့ပါ။

၎. Accommodation contract (ကိုယ်နေမယ့်နေရာ)

နိုင်ငံခြားကို ကျောင်းသွားတက်မယ့် ကျောင်းသားအတော်များများက သူတို့ အေဂျင်စီက ပို့ပေးတဲ့ Uni accommodation ဒါမှမဟုတ် Share House လိုနေရာမျိုးမှာ နေရတာများတယ်။ အဲလိုနေတဲ့အချိန်မှာ ဈေးအရမ်းကြီးတယ်။

ကိုယ်နေမယ့်နေရာကို contract ချုပ်ရင် ၃လ သို့ မဟုတ် ၆ လလောက်ပဲ အများဆုံး ချုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဈေးအရမ်းကြီးလို့ပါ။ အပြင်မှာနေရင် ဈေးတ၀က်လောက် သက်သာပါတယ်.

နိုင်ငံခြားသွားမယ်ဆိုရင်တော့ နေမယ့်နေရာကို ၁ နှစ်လောက်ထိမချုပ်ပါနဲ့။ ဈေးအရမ်းကွာပါတယ်။

၅. Scholarship

Scholarship ကို လျှောက်ပါ။ ရအောင် လျှောက်ပါ။

အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံက ကျောင်းသား/သူများကို scholarship အရမ်း ပေးကြတယ်။

Scholarship ဘယ်လိုလျှောက်ရမလဲဆိုတော့ Agency တွေကနေ တဆင့် လျှောက်ပါ။

ကိုယ်သွားမယ့် နိုင်ငံရဲ့ Embassy တွေမှာလည်း သွားရောက် စုံစမ်းလို့ရပါတယ်။

ကိုယ်တက်မယ့်ကျောင်းရဲ့website တွေက တဆင့် လျှောက်ယူလို့ ရပါတယ်။

First Year မှာ အမှတ်ကောင်းနေတယ်ဆိုရင် အဲဒီကျောင်းက scholarship ပေးတယ်။ ဒါကြောင့် first year အမှတ် ကောင်းအောင် လုပ်ကြပါလို့ အကြံပေးချင်ပါတယ်.။

၆. ကိုယ့်ကို ကျောင်းလျှောက်ပေးမည့် Agency

တစ်ချို့agency တွေက ကျောင်းသားတွေကို နိုင်ငံခြားပို့ရင် တာဝန်ကျေပီလို့ထင်တယ်။ နိုင်ငံခြားရောက်သွားရင် တခြား ဘာမှ မကူညီပေးတာတွေလည်း ရှိတတ်ပါတယ်။

အဲလိုမကြုံရလေအောင် agency ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ အဲ agency ကတော့ AT&S ပါ MICT Park ထဲမှာရှိပါတယ်။

Facebook ကတော့ eduGlobal Village ဖြစ်ပါတယ်။

ပိုက်ဆံပေးစရာမလိုပါဘူ မိမိသိချင်တာ အကုန်မေးလို့ရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: eduGlobalVillage

Tips Read 3127 times