Sales Hotline : 09448001653       Download App



ဆွစ်ဇာလန်နိုင်ငံမှ MBA ဘွဲ့သင်တန်းများ မြန်မာနိုင်ငံ၌ တက်ရောက်နိုင်မည်

ဆွစ်ဇာလန်နိုင်ငံမှ MBA ဘွဲ့သင်တန်းများ မြန်မာနိုင်ငံ၌ တက်ရောက်နိုင်မည်

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော Swiss Business School သည် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်းပြု စီးပွားရေးဆိုင်ရာ ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးနေသော သင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။

အထူးပြုဘာသာရပ်အဖြစ် International Management၊ Finance၊ Marketing နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကို ကမ္ဘာတစ်ဝန်း၌ သင်ကြားပေးလျက်ရှိသည်။

ထိုသင်တန်းများတွင် MBA (Human Resource Management)၊ MBA (Marketing) နှင့် MBA (Global Finance Banking) ဘွဲ့ဘာသာရပ်များကို သင်ကြားနိုင်မည်ဖြစ်ပြီး မာစတာဘွဲ့ရရှိသည်အထိ သင်ကြားပေးမည်ဖြစ်သည်။

READ - ၇ တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်တဲ့ အနုပညာ အထက်တန်းကျောင်း

MBA ဘာသာရပ်တစ်ခုသည် ခေါင်းစဉ် ၁၂ ခုပါဝင်ပြီး ထိုသင်တန်းများကို လုပ်ငန်းခွင်ဝင်ရောက်နေသော ၀န်ထမ်းများ အဆင်ပြေစေရန် ရုံးချိန်လွတ်သင်တန်းများအဖြစ် ဖွင့်လှစ်မည်ဖြစ်သည်။

ဝါရင့်ဆရာ၊ ဆရာမကြီးများက လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများဖြင့် ထိရောက်စွာ သင်ကြားပေးမည် ဖြစ်သည်။

Pacific Prime Business School မှ MBA သင်တန်းများကို အသက် ၂၅ နှစ်နှင့်အထက် ဘွဲ့ရရှိပြီး လုပ်ငန်းခွင် လုပ်သက်ငါးနှစ်ရှိသူများ တက်ရောက်နိုင်မည်ဖြစ်သည်။

သင်တန်းကို မေ ၅ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလတွင် တစ်နှစ်စီ သင်ကြားပေးမည်ဖြစ်၍ အဓိကဘာသာရပ်တစ်ခုစီအတွက် ပုံမှန်သင်တန်းကြေး အမေရိကန်ဒေါ်လာ ၉၀၀၀ စီ ကျသင့်မည်ဖြစ်သည်။

ဧပြီ ၈ရက်အထိ သင်တန်းအပ်နှံသူများအတွက် အမေရိကန်ဒေါ်လာ ၂၁၀၀ ပရိုမိုးရှင်းရရှိမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: Pacific Prime Business School

News Read 2250 times