Sales Hotline : 09448001653       Download App



ကမ္ဘာ့ တက္ကသိုလ် အဆင့် သတ်မှတ်ချက် စာရင်းမှာ မြန်မာတက္ကသိုလ်များ မပါဝင်

ကမ္ဘာ့ တက္ကသိုလ် အဆင့် သတ်မှတ်ချက် စာရင်းမှာ မြန်မာတက္ကသိုလ်များ မပါဝင်

အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဘရူနိုင်းနိုင်ငံမှ တက္ကသိုလ်များသည် ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက် စာရင်းတွင် ပါဝင်မှုမရှိပေ။

အာရှတိုက်၏ ထိပ်တန်းတက္ကသိုလ် ၃၀၀ စာရင်းတွင် ဖိလစ်ပိုင်တက္ကသိုလ်က ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး အာဆီယံနိုင်ငံများတွင် ထိုင်းနိုင်ငံမှ တက္ကသိုလ် ၁၀ ခုဖြင့် အများဆုံးပါဝင်ပါသည်။

အာဆီယံနိုင်ငံများတွင် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် အဆင့်မြင့်ပညာရေးအတွက် အလားအလာကောင်းမွန်သော နိုင်ငံများအဖြစ် သတ်မှတ်ခံရပြီး မြန်မာအပါအ၀င် အာဆီယံ ငါးနိုင်ငံမှ တက္ကသိုလ်များကို စာရင်းတွင် ထည့်သွင်းဖော်ပြမှုမရှိခဲ့ပေ။

အာရှတိုက်ထိပ်တန်း တက္ကသိုလ်များစာရင်းတွင် စင်ကာပူအမျိုးသား တက္ကသိုလ်က ပထမနှင့် ပီကင်းတက္ကသိုလ်က ဒုတိယနေရာ၌ရှိနေပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များအဖြစ် အောက်စဖို့ဒ်၌ တက္ကသိုလ်၊ ကယ်လီဖိုးနီးယားနည်း ပညာတက္ကသိုလ်၊ စတန်းဖို့ဒ်တက္ကသိုလ်နှင့် ကိန်းဘရစ်ခ်ျ တက္ကသိုလ်က အစဉ်လိုက်ရပ်တည်နေသည်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်စာရင်းတွင် အမေရိကနှင့် ဥရောပနိုင်ငံများမှ တက္ကသိုလ်များက ဦးဆောင်နေသော်လည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၉၈၀ စာရင်းတွင် အာရှတိုက်မှ တက္ကသိုလ် ၂၈၉ ခု ပါဝင်လာကြောင်း သိရသည်။ 

Time Higher Education ၏ ၂၀၁၆-၂၀၁၇ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်များစာရင်းတွင် တက္ကသိုလ် ၉၈၀ ပါဝင်ပြီး တက္ကသိုလ်များ၏ သင်ကြားမှု၊ သုတေသန၊ အသိပညာ ဖြန့်ဝေမှုနှင့် နိုင်ငံတကာအမြင်များအပေါ် မူတည်၍ သတ်မှတ်ထားခြင်းဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 11576 times