Sales Hotline : 09448001653       Download App



ဟားခါးပညာရေးကောလိပ်တွင် သင်တန်းသား ၅၀ သာ လက်ခံနိုင်သေး အဆောင်များ ဆက်လက် တည်ဆောက် ပြီးမှသာ ကျောင်းသူများ လက်ခံနိုင်မည်

ဟားခါးပညာရေးကောလိပ်တွင် သင်တန်းသား ၅၀ သာ လက်ခံနိုင်သေး အဆောင်များ ဆက်လက် တည်ဆောက် ပြီးမှသာ ကျောင်းသူများ လက်ခံနိုင်မည်

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင် ချင်းပြည်နယ် ဟားခါးမြို့ပညာရေးကောလိပ်ကို ယခုလ ၂၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တွင် ပညာရေးကောလိပ် ၂၅ ခု အထိ ရှိလာပြီ ဖြစ်သည်။

ဟားခါးပညာရေးကောလိပ်တွင် အဆောင်အင်အားလုံလောက်ခြင်းမရှိသေးသည့်အတွက် လက်ရှိတွင် ယောက်ျားလေး သီးသန့်သာ ၀င်ခွင့်ပေးနိုင်ပါသည်။

အဆောင်များကို ဘဏ္ဍာနှစ်အလိုက် ဆက်လက်တိုးချဲ့တည်ဆောက်ပြီးမှသာ မိန်းကလေးများကို ၀င်ခွင့်လက်ခံပေးသွား မည်ဖြစ်သည်။

“အစက ယောက်ျားလေး ၅၀ နဲ့ မိန်းကလေး ၅၀ ကို ၀င်ခွင့်ပေးဖို့ရှိပါတယ်။ အဆောင်က တစ်ဆောင်ပဲရှိသေးတော့ ယောက်ျားလေးတွေကိုပဲ အရင်ဆုံးဝင်ခွင့်ပေးလိုက်ပါတယ်။” ဟု ပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် ဟားခါးပညာရေးကောလိပ်မရှိစဉ်က ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများသည် ပခုက္ကူပညာရေးကောလိပ်နှင့် မုံရွာပညာရေးကောလိပ်များတွင် ဆရာအတတ်ပညာ သင်တန်းများ တက်ရောက်ခဲ့ရသည်။

လက်ရှိတွင် ဟားခါးပညာရေးကောလိပ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် အခြားပညာရေးကောလိပ်များတွင် ဖွင့်လှစ်နေသည့် ဆရာအတတ်ပညာသင်တန်းများကိုလည်း ဖွင့်လှစ်မည်ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင် ပညာရေးကောလိပ်၂၅ ခုအထိ ရှိလာပြီဖြစ်သော်လည်း ကသာပညာရေးကောလိပ်မှာ တည်ဆောက်ဆဲဖြစ်နေသည့်အတွက် အမှန်တကယ်ပညာရပ်များ ပို့ချနေသည့် တက္ကသိုလ်များမှာ ၂၄ ခုသာ ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today


News Read 1881 times