Sales Hotline : 09448001653       Download App



ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများစာရင်း ဖေဖော်ဝါရီလဆန်းတွင် ကောက်ယူမည်

ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများစာရင်း ဖေဖော်ဝါရီလဆန်းတွင် ကောက်ယူမည်

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများ စာရင်းကောက်ယူခြင်းမှာ ၄င်းတို့စာမေးပွဲအောင်မြင်ပါက ပညာရည်ချွန်ဆုများ ပေးအပ်ရန်နှင့် ၄င်းတို့ထဲမှ ကျောင်းသား၊ ကျောင်းသူများ စကောလားရှစ် ပညာသင်ထောက်ပံ့ကြေးများကို လျှောက်ထားနိုင်ရန် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ကဲ့သို့သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်သည်။

READ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာနည်းဖြင့် ဖြေဆိုသူများကို ထုတ်ပယ်သည်အထိ အရေးယူသွားမည်

“ဖေဖော်ဝါရီလဆန်းမှာ ၀က်ဘ်ဆိုက်ကနေ မသန်စွမ်းကျောင်းသား၊ ကျောင်းသူတွေ စာရင်းကောက်ယူဖို့ တစ်ဆင့် ကြေညာမယ်။ အဖွဲ့အစည်းတွေကနေ တစ်ဆင့် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူတွေ စာရင်းများကို ဖြည့်ခိုင်းမှာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်အနေဖြင့် မသန်စွမ်းသူများ ပညာတတ်မြောက်ရန် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်မှလည်း အရည်အသွေးပြည့်မီသည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးရန် လိုအပ်ကြောင်းနှင့် မသန်စွမ်း သူများ အနေဖြင့် ပညာသင်သည့် အချိန်တွင် စိတ်ဓာတ်မကျဘဲ ကြိုးစားသင်ယူသင့်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 2357 times