Sales Hotline : 09448001653       Download App



ပညာသင်ဆုရရှိနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းများ

ပညာသင်ဆုရရှိနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းများ

- ပညာသင်ဆုတစ်ခုကို စောစောလျှောက်ပြီးတဲ့ အခါမှာလည်း သင့်မှာ အခြားပညာသင်ဆုတွေ လျှောက်ဖို့ အချိန်တွေ ရှိနေပါသေးတယ်။

- လျှောက်လွှာပိတ်ရက်မတိုင်ခင် ၂ ရက်လောက်ကြိုတင်ပြီး လျှောက်လွှာတင်တာပိုကောင်းပါတယ်။

၂. ပညာသင်ဆုက ဘယ်လိုပုံစံမျိုးပေးတာလဲ။

- ပညာသင်ဆုတွေက တစ်ခုနဲ့ တစ်ခု သဘောတရားချင်းမတူတာလေးတွေရှိတယ်။

- မလျှောက်ခင်ကတည်းက ကိုယ်လျှောက်မယ့် ပညာသင်ဆုအကြောင်းကို သေချာလေ့လာပြီး လိုအပ်ချက်တွေကို ကြိုပြင်ဆင်ကြဖို့ အဓိကပြောချင်ပါတယ်။

- နောက်ပြီး တစ်ခါတည်းလျှောက် တစ်ခါတည်း ရမယ်လို့ မမျှော်လင့်ကြပါနဲ့။

- အကြိမ်ကြိမ် ကျရှုံးလည်း ပြန်လျှောက်ပါ။ စိတ်မလျော့ပါနဲ့ ဇွဲတင်းပါလို့ ပြောချင်ပါတယ်။

READ - နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်လဲ၊ ဘယ်လိုအရည်အချင်းတွေ လိုမလဲ??

၃. ပညာသင်ဆုအတွက် ဘာတွေ ပြင်ဆင်ရမလဲ။

- လျှောက်လွှာကိုလည်း အချိန်ယူသေချာပြင်ဆင်ပြီး ဖြည့်ပါတယ်။ အထူးသဖြင့် essay တွေ personal statement တွေကို သေချာကြိုးစားရေးသလို တခြားလူတွေကိုပြပြီး အကြံပြုတာတွေ နားထောင် ပြင်ဆင်ပါတယ်။

- ပထမဆုံး ဘယ်ဘာသာရပ်တက်ချင်သလဲဆိုတာကို အရင်စဉ်းစားပါ။

- အဓိက အရေးအကြီးဆုံးက အချိန်ခွဲဝေမှုပါ။

- ၀ီရိယထားပြီး ကြိုတင်ပြင်ဆင်ပါ၊ အနားကပ်မှလုပ်တာက အခွင့်အလမ်းတွေ အများကြီး ဆုံးရှူံး သွားနိုင်တယ် ဆိုတာ သတိထားဖို့ပါ။

၎. အားကစားတစ်ခုခုကို လေ့လာလိုက်စားပါ။

- ပညာသင်ဆုတွေ ပေးအပ်တဲ့အခါ အားကစားမှာ ထူးချွန်တဲ့သူများက ရရှိဖို့ အခွင့်အလမ်းပိုများ နိုင်ပါတယ်။

- အကယ်၍ ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာဘက်မှာ ထူးချွန်ရုံသာမက အားကစားသမား တစ်ယောက်ပါ ဖြစ်ခဲ့မယ်ဆိုရင် ပညာသင်ဆုဆိုတာ မဝေးတော့တဲ့ အနေအထားမှာ ရှိနေပါတယ်။

၅. အားလပ်ချိန်များမှာ စေတနာ့ဝန်ထမ်း လုပ်ပါ။

- လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်း လုပ်တဲ့သူတွဟာ ပညာသင်ဆုရရှိဖို့ အခွင့်အလမ်းအများဆုံး ရှိတဲ့သူတွေပဲ ဖြစ်ပါတယ်။

- တက္ကသိုလ်နဲ့ အစိုးရကပေးတဲ့ ပညာသင်ဆုများသာမက NGO အဖွဲ့အစည်းများက ပေးအပ်တဲ့ ပညာသင်ဆုပါ ရရှိနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Tips Read 2037 times