Sales Hotline : 09448001653       Download App



ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် M.Ed ဘွဲ့ရများ လိုအပ်နေကြောင်း ပညာရေးဝန်ကြီးပြောကြား

ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် M.Ed ဘွဲ့ရများ လိုအပ်နေကြောင်း ပညာရေးဝန်ကြီးပြောကြား

အရည်အသွေးပြည့်ဝတဲ့ ဆရာ၊ ဆရာမများ ပိုမိုမွေးထုတ်နိုင်ရေးအတွက် (၂) နှစ်သင် ပညာရေး ကောလိပ်မှ (၄) နှစ်သင် ပညာရေး ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း အကောင် အထည်ဖော်ဆောင် ရွက်နေကြောင်း၊ ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့် လှစ်ရန် အတွက် M.Ed ဘွဲ့ရ Educator များ လိုအပ်နေကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေနဲ့ မူလတန်းပညာ သင်ယူနေသူတိုင်း မူလတန်းပညာ သင်ယူပြီးမြောက်ရေး အလေးထားဆောင်ရွက်နေကြောင်းနှင့် မူလတန်း ပညာရေးသည် အခြေခံပညာရေး၏ အရေးအကြီးဆုံး အတန်းဖြစ်ကြောင်းကိုလည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

READ - တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ ရှစ်သိန်းခွဲခန့်တွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ၀င်ရောက်ဖြေဆိုမည့်သူ တစ်ဦးသာရှိ

ဆက်လက်ပြီး မူလတန်းပညာရေး Grade-1, Grade-2, Grade-3 အတန်းများက ပိုအရေးကြီးကြောင်း၊ မွေးစက စပြီး ၈ နှစ်အရွယ်အတွင်း အခြေခံစာဖတ်၊ စာရေး၊ အတွက်များ ကျွမ်းကျင်အောင် သင်ကြား ပေးနိုင်ပါက ကလေးငယ်ရဲ့ ဘဝတစ်သက်တာအတွက် စာဖတ်၊ စာရေး၊ အခြေခံသင်္ချာ ကျွမ်းကျင်တတ် မြောက် စေမှာဖြစ်ပါတယ်။

ဆရာ၊ ဆရာမများအနေနဲ့ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လူသား ကောင်းများဖြစ်အောင် တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်တတ်အောင်၊ အများနဲ့ပူးပေါင်း ဆောင်ရွက်တတ် အောင်၊ တီထွင်ကြံဆတတ်အောင် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 1793 times