Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘာသာရပ်ဘွဲ့ပေးအပ်ရန် စီစဉ်

ရန်ကုန်တက္ကသိုလ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘာသာရပ်ဘွဲ့ပေးအပ်ရန် စီစဉ်

ဇန်န၀ါရီ ၃ ရက်က ရန်ကုန်တက္ကသိုလ်၊ ၀ိဇ္ဇာခန်းမတွင် ပြုလုပ်သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ် (ရုက္ခဗေဒဘာသာရပ်နှင့် အဏုဇီဝဗေဒဘာသာရပ်) ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် Environmental Science ဘာသာရပ်ကို ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ယခုနှစ်တွင် ရုက္ခဗေဒဌာနက စတင်ဖွင့်လှစ်သည့် အဏုဇီဝဗေဒ ဘာသာရပ်ကိုလည်း ကျောင်းသား၊ ကျောင်းသူ ၄၀ ကျော် တက်ရောက်နေသည်။

READ - နည်းပညာ တက္ကသိုလ် နှင့် ကွန်ပျူတာ တက္ကသိုလ် ဘက်မှ ၀ိဇ္ဇာ၊ သိပ္ပံဘက်သို့ ရာထူးတိုး၊ ပြောင်း လျှောက်ထားခွင့်ပြုမည်

“Environmental Science က တကယ်တော့ Environmental Studies အနေနဲ့ ရှိပြီးသားဖြစ်ပါတယ်။ ဌာန အနေနဲ့ ဒုတိယနှစ်အောင်ပြီးတော့ သိပ္ပံရော၊ ၀ိဇ္ဇာရော ဘယ်မေဂျာက အောင်အောင်ပေါ့။ ၂၀၀၁ ခုနှစ်က စတင်ပြီး တတိယနှစ်မှာ စိတ်ဝင်စားရင် တက်ရောက်ခွင့်ပေးခဲ့ပါတယ်။ အဲဒီဘာသာရပ်ကို Environmental Science အဖြစ် ပြောင်းလဲပြီး သင်ကြားပေးဖို့ ခွင့်ပြုချက် တင်ထားပြီး ဖြစ်ပါတယ်။ ခွင့်ပြုခဲ့ရင် တတိယနှစ်က စတင်ပြီး Environmental Science အတန်းကို ဖွင့်မှာ ဖြစ်ပါတယ်။ Environmental Science ဘာသာရပ်မှာ သိပ္ပံဘာသာ ရပ်က များပါတယ်။ နိုင်ငံတကာမှာတော့ Environmental Science အနေနဲ့ ပညာသင်ခေါ်တာ တွေလည်း များပါတယ်။ Environmental Science ကပိုပြီး လူသိများတယ်။ Studies ဆိုရင် ၀ိဇ္ဇာဘက်ပိုပြီး နွှယ်ပါတယ်။ ၀ိဇ္ဇာဘာသာရပ်ကို ပိုများတယ်။ Science ဆိုရင်တော့ သိပ္ပံဘာသာရပ်များတဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်းအထူးပဲ လိုအပ်နေတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ ဒီဘာသာရပ်ကို ဖွင့်လှစ်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိပါတယ်။ ၀န်ကြီးရုံးက ခွင့်ပြုချက်ကျတာနဲ့ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ် ” ဟု ပြောသည်။

ထိုပွဲကို ရန်ကုန်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

 

News Read 1653 times