Sales Hotline : 09448001653       Download App



နိုင်ငံခြားဘာသာစကား အခြေခံ ၁ သင်တန်း လျှောက်လွှာခေါ်ယူ

နိုင်ငံခြားဘာသာစကား အခြေခံ ၁ သင်တန်း လျှောက်လွှာခေါ်ယူ

သင်တန်းလျှောက်လွှာကို ဒီဇင်ဘာလ ၂၆ ရက် နံနက် ၉ နာရီမှ စတင်ကာ http://www.yufl.edu.mm/chrd မှာ ဝင်ရောက်လျှောက် ထားနိုင်မှာဖြစ်ပါတယ်။

အင်္ဂလိပ်စာသင်တန်းကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်မှ မတ်လ ၉ ရက်ထိ ၃ လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်ဘာသာရပ်များမှာ ဇန်နဝါရီလ ၈ ရက်မှ သြဂုတ်လ ၃ ရက်ထိ ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းတွေကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီ မိနစ် ၂၀ မှ ၇ နာရီခွဲ ထိ သင်ကြားပေးမယ်လို့ သိရပါတယ်။

READ - ငါးလုပ်ငန်းတက္ကသိုလ် တည်ဆောက်မည်ဖြစ်၍ ရန်ကုန်တက္ကသိုလ်၌ ငါးလုပ်ငန်းပညာ သင်ကြားပေးမည်

ဇန်နဝါရီလ ၂ ရက် မှ ၅ ရက် ထိ နံနက် ၁၀ နာရီမှ ညနေ၂ နာရီထိ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ သင်တန်းကြေးများကို ပေးသွင်း မှာပါ။

လျှောက်ထားလိုသူတွေဟာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ် မူရင်းနှင့်မိတ္တူ (သို့မဟုတ်) အမှတ်စာရင်း မူရင်းနှင့်မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ ဓာတ်ပုံ(၃)ပုံ တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

အွန်လိုင်းက လျှောက်ထားသူတွေ အနေနဲ့ ဒီဇင်ဘာလ ၂၆ ရက်မှာ စတင်လျှောက်ထားပြီး မိမိအမည်အား လက်ခံကြောင်း ကြေညာချက်တွင် တွေ့ရှိပြီးမှသာ ဒီအထောက်အထားတွေကို ကျောင်းသို့ ယူဆောင်လာရမှာပါ။

အွန်လိုင်းမှ လျှောက်လွှာတင်သွင်းရာတွင် ပြည့်စုံစွာ ဖြည့်စွက်ထားပြီး ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ် Server သို့ အရင်ရောက်ရှိလာသော လျှောက်လွှာများကို ဦးစားပေးအစီအစဉ်အတိုင်း လက်ခံပေးသွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက် နံနက်၉ နာရီမှသာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဝက်ဘ်ဆိုက်ရဲ့ သတ်မှတ်ထားတဲ့ လိပ်စာတွင် စတင်မြင်တွေ့လျှောက်ထားနိုင်မည် ဖြစ်သည်။

အွန်လိုင်းကနေ လျှောက်လွှာတင်သွင်းပြီးနောက် ပုံစံစစ်ဆေးရန်နှင့် သင်တန်းကြေးပေးသွင်းရန် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ သတ်မှတ်ရက်တွင် ကိုယ်တိုင်လာရောက်ရမည်။ (သင်တန်းကြေး ပေးသွင်းပြီးမှသာလျှင် သင်တန်းသားအဖြစ် သတ်မှတ်မည်ဖြစ်သည်။)

အခြေခံ (၂) Basic Level II သင်တန်းနှင့်အထက် သင်တန်းသားတွေ အနေနဲ့ကတော့ တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမယ်လို့ သိရပါတယ်။

ဝင်ခွင့်ရရှိသူတွေရဲ့ အမည်စာရင်းကို ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ၀က်ဘ်ဆိုက် မှာ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ထုတ်ပြန်ပေးမှာပါ။

အသေးစိတ် သိရှိလိုသူတွေအနေနဲ့ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ၀၁-၅၁၅၂၃၆၊ ၀၁-၅၃၅၉၈၅ ကို ဆက်သွယ်မေးမြန်း နိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 19755 times