Sales Hotline : 09448001653       Download App



အဝေးသင်တက္ကသိုလ် ၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို ဇန်န၀ါရီလ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်

အဝေးသင်တက္ကသိုလ် ၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို ဇန်န၀ါရီလ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့၏ ၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်းနှင့် ဒုတိယနှစ်နှင့် အထက်သင်တန်းများကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

ပထမနှစ်သင်တန်းများကို ဇန်န၀ါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဒုတိယနှစ် နှင့် အထက် သင်တန်းများကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဖွင့်လှစ်ရန် လျာထားကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သိရသည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် စတင်ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းများကို ၀င်ခွင့် ရရှိထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၁၈ ခုနှစ် မတ် ၃၀ ရက် နောက်ဆုံးထားပြီး ငွေသွင်းမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ရမည် ဖြစ်သည်။

READ - B.Tech ဘွဲ့ရရှိထားသူများ အသက်ကန့်သတ်ချက်မရှိဘဲ B.E ဘွဲ့သင်တန်း တက်ရောက်ခွင့် ပြုမည်

ပထမနှစ်ဝင်ခွင့်ရသူများ၏ ပထမနှစ်ဝက်အဆိုင်းမန့်များကို မေ ၃၁ ရက်တွင် နောက်ဆုံး ထား တင်သွင်းရမည် ဖြစ်သည်။

ဒုတိယနှစ်ဝက်အဆိုင်းမန့်များကို ဇူလိုင်လ ၃၁ ရက်တွင် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ကာ သိပ္ပံလက်တွေ့သင်တန်းများကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်တက်ရောက်ရမည် ဖြစ်သည်။

ဒုတိယနှစ် နှင့် အထက်သင်တန်းများကို ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ကာ ငွေသွင်း မှတ်ပုံတင်ခြင်းများကို ၂၀၁၈ ခုနှစ် မေ ၁၆ ရက်တွင် နောက်ဆုံးထားပြုလုပ်ရမည် ဖြစ်သည်။

ယင်းနှစ်များ၏ ပထမနှစ်ဝက်အဆိုင်းမန့်များကို ၂၀၁၈ ခုနှစ် ဇွန် ၃၀ ရက်တွင် နောက်ဆုံး ထား တင်သွင်းရမည်ဖြစ်သည်။

ဒုတိယနှစ်ဝက် အဆိုင်းမန့်များကို သြဂုတ်လ ၃၁ ရက်တွင် နောက်ဆုံးထား တင်သွင်း ရမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 17026 times