Sales Hotline : 09448001653       Download App



ကျောင်းပြောင်းဖို့နဲ့ မေဂျာပြောင်းဖို့ ဘာတွေလိုအပ်လဲ

ကျောင်းပြောင်းဖို့နဲ့ မေဂျာပြောင်းဖို့ ဘာတွေလိုအပ်လဲ

ကျောင်းပြောင်းရွှေ့တက်ရောက်ဖို့ လျှောက်လွှာနှစ်စောင်၊ ပြောင်းရွှေ့တက်ရောက်လိုတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ သက်ဆိုင်တဲ့မြို့နယ် မှာရှိတဲ့ အိမ်ထောင်စုလူဦးရေ စာရင်း မူရင်းနဲ့ မိတ္တူနှစ်စောင်၊ အမှန်တကယ်နေထိုင်ကြောင်း၊ ရပ်ကွက် ထောက်ခံစာ မူရင်းနဲ့ မိတ္တူနှစ်စောင်၊ကျောင်းဝင်မှတ်ပုံတင် ငွေပေးသွင်းပြီးကြောင်း ပြေစာမူရင်းနဲ့ မိတ္တူနှစ်စောင်၊ အောင်လက် မှတ်မူရင်းနဲ့ မိတ္တူ နှစ်စောင်၊အမှတ်စာရင်း မူရင်းနဲ့ မိတ္တူနှစ်စောင်စတဲ့ စာရွက်စာတမ်းတွေ လိုအပ်မှာ ဖြစ်ပါတယ်။

ကျောင်း ပြောင်း လျှောက်ထားလိုသူတွေအတွက်ကတော့ ကျောင်းဖွင့်ပြီး ၂၁ရက် ကြာမှသာ ပြောင်းရွှေ့ခွင့်ရှိမှာ ဖြစ်ပြီး မိမိပြောင်းရွှေ့လိုတဲ့ ကျောင်းရဲ့ ဝင်ခွင့်ဦးရေ သတ်မှတ်ချက်ပေါ်မှာလည်း မူတည်နေတယ်လို့ သိရပါတယ်။

ပထမနှစ် အထူးပြုမေဂျာပြောင်းလိုသူတွေအနေနဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမယ်လို့ သိရပါတယ်။

READ - B.Tech ဘွဲ့ရရှိထားသူများ အသက်ကန့်သတ်ချက်မရှိဘဲ B.E ဘွဲ့သင်တန်း တက်ရောက်ခွင့် ပြုမည်

တက္ကသိုလ်ဝင်တန်းမှာ ရရှိတဲ့ရမှတ် က ပြောင်းရွှေ့တက်ရောက်မယ့် အထူးပြု ဘာသာရပ်အလိုက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံးအမှတ် ရရှိထားဖို့တော့ လိုပါ တယ်။

ဘူမိဗေဒအထူးပြုနဲ့ ကုန်ထုတ်ဓာ တုဗေဒ အထူးပြုဘာသာရပ်ကို ပြောင်းရွှေ့ တက်ရောက်ခွင့် လျှောက်ထားတဲ့ ကျောင်းသူကျောင်းသားတွေက ဘာသာပြောင်းလျှောက်ထားတဲ့ အချိန်မှာ တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနဲ့ ကိုက်ညီတဲ့ နိုင်ငံသားဖြစ်ဖို့ လိုပါတယ်။

မိမိကိုင် ဆောင်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် ဒါမှမဟုတ်နိုင်ငံသား လက်မှတ် အမှတ်တွေကို အပြည့်အစုံဖော်ပြပြီး မိတ္တူတွေကိုလည်း ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေ နဲ့အညီ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ဖို့ လျှောက်ထားဆဲ ဖြစ်ပါက လည်း အမှန်တကယ် လျှောက်ထားဆဲ ဖြစ်ကြောင်း သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနရဲ့ ထောက်ခံစာ (မိတ္တူ)ကို မဖြစ်မနေ ပူးတွဲတင်ပြပေးရမယ်လို့ သိရပါတယ်။

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေနဲ့ နေ့သင်တန်းတက်ခွင့်ရရှိသူတွေစာရင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက် နေ့ မှာ ထုတ်ပြန်ပေးခဲ့ပြီးလက်ရှိမှာ ဝင်ခွင့်ရရှိသူတွေကို သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအပ်နှံခွင့် ပြုနေတာဖြစ်ပါတယ်။

အခုပညာသင်နှစ်မှာ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို လျှောက်ထား ခြင်း မရှိတဲ့သူတွေကို နောက်ပညာသင်နှစ်တွေမှာ နေ့သင်တန်းပုံမှန်ကျောင်းသား အဖြစ်တက္ကသိုလ် ဒီဂရီကောလိပ်တွေမှာ တက်ရောက်ခွင့်မပြုဘူးလို့ ကြေညာထား တာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တက္ကသိုလ်ဒီဂရီကောလိပ်တွေနဲ့ ကောလိပ် တွေမှာ ဝင်ခွင့်ရရှိပြီး အဲသည် ဝင်ခွင့်ရတဲ့နှစ်တွေမှာ တက္ကသိုလ်တွေကို လာရောက် ဆက်သွယ် ခြင်း မပြုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကပ်လျက်ပညာသင် နှစ်မှာ ဝင်ခွင့်ရတဲ့တက္ကသိုလ် တွေကို ဝင်ခွင့် ပြန်လည် လျှောက်ထား ပါက မူလဝင်ခွင့်ရ အထူးပြုဘာသာရပ်တွေ အတိုင်းသာ တက်ရောက်ခွင့် ပြုတယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

Tips Read 9994 times