Sales Hotline : 09448001653       Download App



အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်စာသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်

အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်စာသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်

“အသက် ၁၆ နှစ်ကနေ ၁၉ နှစ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ ဖြစ်ရမယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်ချင်တဲ့ စိတ်ဝင်စားမှု ရှိရပါ့မယ်။ ပျက်ရက်မရှိ သင်တန်းကာလ နှစ်နှစ်ပြီးဆုံး အောင် တက်ရောက်နိုင်သူဖြစ်ရမယ်။ သင်ရိုးညွှန်းတမ်းစာရွက်စာတမ်းကအစ အခမဲ့ပါ။ သင်တန်းအသွားအပြန်အတွက် ဆိုင်ကယ် ဆီဖိုးသဘောမျိုးလည်း ထောက်ပံ့ပေးသွားမယ်။ ကျောင်းတက်ရင်း၊ အလုပ်လုပ်ရင်း သင်ကြားနိုင်ဖို့ စနေ၊ တနင်္ဂနွေ နှစ်ရက်ကို အချိန်ပိုင်း သင်ကြားပေးသွားမှာပါ” ဟု ပြောသည်။

လတ်တလောတွင် လျှောက်ထားသူဦးရေ ၁၀၀ ကျော်သွားပြီ ဖြစ်ပြီး အခမဲ့ခွင့်ပြု သင်ကြားနိုင်သည့် ဦးရေမှာ ကျား ၂၀၊ မ ၂၀၊ အရန် ကျား၊မ ၁၀ ဦး၊ စုစုပေါင်း ၅၀ ဦးဖြစ်သည်။

READ - ဝင်ခွင့်ရတက္ကသိုလ် တစ်ခုမှ အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များ

တက်ရောက်ခွင့်ရသူ ၅၀ ဦးမှာ အခမဲ့သင်ကြားခွင့် ရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရသူ ၅၀ ဦးမှာ အခမဲ့သင်ကြားခွင့်ရမည်ဖြစ်ပြီး ၄င်းတို့ထဲမှ အရန် ၁၀ ဦးမှာမူ အမေရိကန်သံရုံး မှ ထောက်ပံ့သည့် ပစ္စည်း စာရွက်စာတမ်းအစာအုပ်များကို ရရှိမည်မဟုတ်ကြောင်း၊ အဓိက တက်ရောက်ခွင့်ရသူ ၄၀ ဦးထဲမှ ပျက်ကွက်သူများ ရှိလာပါက အရန်များထဲမှ အစားထိုးကား ထောက်ပံ့မှု အပြည့်ပေးသွားမည်ဖြစ်သည်။

လူမျိုးဘာသာမရွေးလျှောက်ထားခွင့်ရှိသူများထဲမှ သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု၊ အမေရိကန်ယဉ်ကျေးမှုနှင့် စံတန်းဖိုးများကို လေ့လာခွင့် ရရှိမည်ဖြစ်သည့်အပြင် သင်ရိုးညွှန်းတမ်း ပြင်ပဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။

အမေရိကန်နိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဗျူရို၏ ပံ့ပိုးမှုဖြင့် English Access Microscholarship Program In Myanmar အစီအစဉ်များကို မြန်မာနိုင်ငံအတွင်း မော်လမြိုင်၊ မြစ်ကြီးနား၊ ဘားအံ၊ စစ်ကိုင်း၊ လွိုင်ကော်၊ ဟိုပုံးနှင့် ကလေးမြို့တို့တွင် ဖွင့်လှစ်ပို့ချက်ရှိကြောင်း သိရပြီး သင်တန်း၌ ထူးချွန်သူများမှာ ပညာသင်ဆုဖြင့် အမေရိကန်နိုင်ငံတွင် ပညာရေးနှီးနှော ဖလှယ်ပွဲများ တက်ရောက်ခွင့်၊ တက္ကသိုလ်နှင့်ကောလိပ်များ တွင် ပညာဆက်လက် ဆည်းပူးခွင့်များ ရရှိကြမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 5464 times