Sales Hotline : 09448001653       Download App



အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်လွှာခေါ်ယူ

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်လွှာခေါ်ယူ

တက္ကသိုလ်မှာ Bachelor of Business Managment (BBM), Bachelor of Tourism and Hospitality Managment (BTHM), Bachelor of Arts (English for Professional Purposes) BA (EPP), Bachelor of Arts (Journalism) BA (Journalism) သင်တန်းတွေကို တက်ရောက်နိုင်ပြီး လေးနှစ်သင်တန်းများဖြစ်ပါတယ်။

ထိုဘွဲ့သင်တန်းများအနက် BBM နဲ့ BA (EPP) ဘာသာရပ်တွေ အတွက် စုစုပေါင်း အမှတ် ၄၄၀ နဲ့ အထက် ၊ BTHM နဲ့ BA (Journalism) အတွက် စုစုပေါင်း အမှတ် ၄၂၀ နဲ့အထက်ရရှိသူတွေ လျှောက်ထားနိုင်ပြီး BTHM အတွက် အင်္ဂလိပ်စာ ဘာသာရပ်မှာ အနည်းဆုံး အမှတ် ၆၀ ရရှိရမှာဖြစ်ပါတယ်။

အခြေခံပညာကျောင်းများရှိ မူလတန်းပြဆရာဖြစ်လက်မှတ်မရှိသည့် ဆရာ၊ ဆရာမ ၂၈,၀၀၀ ကျော်အား သင်တန်းပေးမည်

လျှောက်လွှာတွေကို စက်တင်ဘာလ ၂၉ ရက်ကနေ အောက်တိုဘာလ ၁၇ ရက်ထိ ကျောင်းသားရေးရာဌာနမှာ ရယူနိုင်ပြီး နိုဝင်ဘာလ ၂၀ ရက်မှာ ဝင်ခွင့်ရရှိသူတွေ စာရင်းကို ကြေညာ ပေးမှာ ဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်လွှာတွေကို အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် Facebook စာမျက်နှာမှလည်း ရယူနိုင်ပါတယ်။

လျှောက်ထားလိုသူတွေဟာ လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်စာရင်း မူရင်း၊ မိဘနှစ်ဦး၏ မှတ်ပုံတင် မိတ္တူ၊ လိုင်စင်ဓာတ်ပုံ ၂ ပုံတို့ကို တင်ပြရမှာ ဖြစ်ပါသည်။

ဝင်ခွင့်ရရှိသူများစာရင်းကို (၂၀-၁၁-၂၀၁၇) ရက်နေ့တွင် National Management Degree College Facebook Page တွင်လည်းကောင်း၊ အမျိုးသားစီမံခန့်ခွဲမှု ပညာ ဒီဂရီကောလိပ်တွင် လည်းကောင်းကြေညာထားပါမည်။

ဝင်ခွင့်ရရှိသူများသည် ကျောင်းလာရောက် အပ်နှံသည့်အခါ ကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို မပျက်မကွက် တင်ပြနိုင်ရမည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ ကျောင်းသားရေးရာ ဌာန ဖုန်း-၀၁-၂၉၂၅၆၆ သို့ ဆက်သွယ် မေးမြန်းနိုင်မှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 3324 times