Sales Hotline : 09448001653       Download App



ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် အချိန်ပြည့်နဲ့ အချိန်ပိုင်း သင်တန်းသားသစ်ခေါ်ယူ

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် အချိန်ပြည့်နဲ့ အချိန်ပိုင်း သင်တန်းသားသစ်ခေါ်ယူ

မဟာဝိဇ္ဇာအချိန်ပြည့်နှစ်နှစ်သင်တန်း (အင်္ဂလိပ်ဘာသာရပ်)၊ အီတာလျံဘာသာရပ်၊ ဒီပလိုမာ အချိန်ပြည့် တစ်နှစ်သင်တန်းအတွက် အင်္ဂလိပ်ဘာသာရပ်၊ အချိန်ပိုင်း နှစ်နှစ်သင်တန်းအတွက် အထွေထွေ ဘာသာဗေဒဘာသာရပ်နဲ့ အချိန်ပိုင်းလေးနှစ်သင်တန်းအတွက် တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းစတဲ့ ဘာသာရပ်တွေကို ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်းများကို တစ်ပတ်မှာ ငါးရက်သင်ကြားပေးမှာဖြစ်ပါတယ်။

READ - ဝင်ခွင့်ရတက္ကသိုလ် တစ်ခုမှ အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များ

အင်္ဂလိပ်ဘာသာ အချိန်ပြည့်သင်တန်းတွေကို မနက် ၉းဝ၀ နာရီကနေ မွန်းလွဲ ၃း၂၀ နာရီအထိ၊ အီတာလျံအချိန်ပြည့်ဘာသာရပ်သင်တန်းတွေကို မနက် ၈းဝ၀ နာရီကနေ နေ့လယ် ၁၂းဝ၀ နာရီအထိနဲ့အချိန်ပိုင်းသင်တန်းတွေကိုတော့ မနက် ၇းဝ၀ နာရီကနေ ၈း၅၀ နာရီ အထိ သင်ကြားမယ်လို့ သိရပါတယ်။

မဟာဝိဇ္ဇာ ပထမနှစ်သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အရည်အချင်း တွေနဲ့ ပြည့်မီဖို့လိုပြီး ဒီပလိုမာသင်တန်းတွေအတွက်ဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ဖို့လိုပါတယ်။

အထွေထွေဘာသာဗေဒဘာသာရပ်သင်တန်းအတွက် နိုင်ငံတော်အသိအမှတ်ပြု ဝိဇ္ဇာဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ဖို့လိုပါတယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာတွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်ထုတ်ပေးမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားတင်သွင်းရမှာ ဖြစ်ပါတယ်။

လျှောက်ထားသူတွေအနေနဲ့ သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ရုံး ချိန်အတွင်းမှာ မော်ကွန်းထိန်း (ရုံးခန်း) ကျောင်းသားရေးရာ ဌာန၊ စာမေးပွဲဌာန၊ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်မှာ စုံစမ်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 18397 times