Sales Hotline : 09448001653       Download App



ဝင်ခွင့်ရတက္ကသိုလ် တစ်ခုမှ အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များ

ဝင်ခွင့်ရတက္ကသိုလ် တစ်ခုမှ အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များ

ဥပမာ - ရန်ကုန်နည်းပညာတက္ကသိုလ် မှ ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် မှ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ရေကြောင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်မှ မှ ကွန်ပျုတာတက္ကသိုလ်၊ ဘာသာရပ်ထူးချွန် (COE) မှ နိုင်ငံခြားဘာသာတက္ကသိုလ် စသဖြင့် အမှတ်မီလျှင် တက္ကသိုလ်တစ်ခု မှ အခြား တက္ကသိုလ်တစ်ခု သို့ အပြန်အလှန်ပြောင်းရွှေ့ခွင့်ရှိပါသည်။

(၂) ထိုသို့ ပြောင်းနိုင်ရန်အတွက် အောက်ပါအတိုင်း ပြုလုပ်ရပါမည်။

- မိမိ ဝင်ခွင့်ရရှိသည့် တက္ကသိုလ်၌ ကျောင်းဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ထောက်ခံစာကို အဆိုပါဝင်ခွင့်ရ တက္ကသိုလ်၌ သွားရောက်ယူဆောင်ရပါမည်။

- ထိုထောက်ခံစာနှင့်အတူ အမှတ်စာရင်းမိတ္တူ ၊ အောင်လက်မှတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူ တို့ကိုယူဆောင်၍ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ဝင် စိစစ်ရွေးချယ်ရေးအဖွဲ့၊ (သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) သို့ သွားရောက်၍ မိမိတက်ရောက်လိုသည့် တက္ကသိုလ်သို့ ပြောင်းရွှေ့ခွင့်ကို လျှောက်ထားနိုင်ပါသည်။

READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်မှု အမှတ်များ

- ပြောင်းရွှေ့ခွင့်စာကို အဆိုပါဌာနမှ ရရှိပြီးသည့်အခါတွင် မိမိပြောင်းရွှေ့ခွင့်ရသည့် တက္ကသိုလ်သို့ သွားရောက် အကြောင်းကြားပြီး လူတွေ့စစ်ဆေးခြင်း၊ ကျောင်းအပ်ခြင်း အစရှိသည့် ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက် ရပါမည်။

- သို့ရာတွင် ကျောင်းဖွင့်အပြီး တစ်လအတွင်း၌ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

လိုအပ်သည့် စာရွက်စာတမ်းများ

(၁) မိမိ ဝင်ခွင့်ရရှိသည့် တက္ကသိုလ်၌ ကျောင်းဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ထောက်ခံစာ

(၂) အမှတ်စာရင်းမိတ္တူ

(၃)အောင်လက်မှတ်မိတ္တူ၊

(၄)အိမ်ထောင်စုစာရင်းမိတ္တူ၊

(၅) မှတ်ပုံတင် မိတ္တူ

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: Myanmar Maritime Unviersity Students' Union

 

Tips Read 35828 times