Sales Hotline : 09448001653       Download App



ပညာရေးဆိုင်ရာသင်တန်းများတွင် တက်ရောက်နေသည့် ဆရာ၊ ဆရာမ ၂၉၀ ကို လစာဖြတ်တောက်ခြင်း မပြုဘဲ တက်ခွင့်ပေး

ပညာရေးဆိုင်ရာသင်တန်းများတွင် တက်ရောက်နေသည့် ဆရာ၊ ဆရာမ ၂၉၀ ကို လစာဖြတ်တောက်ခြင်း မပြုဘဲ တက်ခွင့်ပေး

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အမြဲတမ်းပညာရေးဝန်ထမ်းများမှ M.Phil သင်တန်း တက်ရောက်နေသူ ၇၀ ဦး၊ PGDMA သင်တန်းတက်ရောက်နေသူ ၄၃ ဦး၊ PPTT သင်တန်းတက်ရောက်နေသူ ၁၇၆ ဦးနှင့် Dip.ELTM သင်တန်း တက်ရောက်နေသူတစ်ဦး၊ စုစုပေါင်း အခြေခံပညာရေး ၀န်ထမ်း ဆရာ၊ ဆရာမ ၂၉၀ တို့အား သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း လစာဖြတ်တောက်ခြင်းမပြုဘဲ လစာနှုန်းပြည့်ဖြင့် သင်တန်းတက်ရောက် ခွင့် ပြုလိုက်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

READ - ကျောင်းသားဦးရေ ခြောက်ထောင်သာလက်ခံနိုင်သည့် ပညာရေးကောလိပ်များသို့ ၀င်ခွင့်လျှောက်ထားသည့် ကျောင်းသား ခုနှစ်သောင်းကျော်အထိ ရှိနေ

ထိုသင်တန်းများကို တက်ရောက်နေသော ဆရာ၊ ဆရာမများထဲမှ PGDMA သင်တန်း တက်ရောက်နေသူ ၄၃ဦး၊ PPTT သင်တန်းတက်ရောက်နေသူ ၁၇၆ ဦးတို့ကို ဆရာ၊ ဆရာမလိုအပ်နေသော အခြေခံပညာကျောင်းများတွင် လည်းကောင်း၊ M.Phil သင်တန်းတက်ရောနေသူ ၇၀ နှင့် Dip.ELTM သင်တန်းတက်ရောက်နေသူ တစ်ဦးတို့ကို ပညာရေးကောလိပ်များတွင် တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မူလတန်းပြသင်တန်းတွေ တက်တဲ့သူတွေကတော့ လိုအပ်ချက်အရ တာဝန်ပေးတဲ့ကျောင်းများမှာ တာဝန်ထမ်းဆောင်ရ မှာပေါ့” ဟု ပြောကြားသည်။

အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ် ဧပြီလနှင့် မေလတို့တွင် ဘွဲ့ရနေ့စားလပေးများအတွက် ဖွင့်လှစ်ခဲ့ သော မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်သင်တန်းများကို တက်ရောက်ခဲ့သော နေ့စားလပေး မူလတန်းပြ များကို တက်ရောက်ခဲ့သော ၂၉၅၅၉ ဦးအား သင်တန်းတက်ရောက်ရသည့် တစ်လတာ ကာလအား တာဝန်ချိန် အဖြစ် သတ်မှတ်ပြီး လုပ်ခလစာများကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 6026 times