Sales Hotline : 09448001653       Download App



ကျောင်းသားဦးရေ ခြောက်ထောင်သာလက်ခံနိုင်သည့် ပညာရေးကောလိပ်များသို့ ၀င်ခွင့်လျှောက်ထားသည့် ကျောင်းသား ခုနှစ်သောင်းကျော်အထိ ရှိနေ

ကျောင်းသားဦးရေ ခြောက်ထောင်သာလက်ခံနိုင်သည့် ပညာရေးကောလိပ်များသို့ ၀င်ခွင့်လျှောက်ထားသည့် ကျောင်းသား ခုနှစ်သောင်းကျော်အထိ ရှိနေ

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို လျှောက်ထားခွင့်ပေးအပ်ခဲ့သော ပညာရေးကောလိပ်များတွင် လာလျှောက်ထားမှုမှာ လျှောက်လွှာပေါင်း ခုနှစ်သောင်းကျော်ရှိပြီး ယင်းပမာဏအားလုံးကို ရွေးချယ်မည်မဟုတ်ဘဲ ပညာရေးကောလိပ်များ၏ ၀င်ဆံ့အင်အားအရ ကျောင်းသား၊ ကျောင်းသူ ခြောက်ထောင်နီးပါးကိုသာ ရွေးချယ်မည်ဖြစ်သည်။

READ - ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ နီးပါး နည်းပညာတက္ကသိုလ်ဝင်ခွင့်ရ

ယခုနှစ်တွင် ပညာရေးကောလိပ်များ၌ လျှောက်ထားသူများ ၀င်ခွင့်ရွေးချယ်ရာတွင် မူလတန်းကျောင်းသား၊ ကျောင်းသူ ဦးရေများပြားသော မြို့နယ်အလိုက် ရွေးချယ်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပညာရေးကောလိပ်များတွင် တက်ရောက်ခွင့်ရရှိပါက တစ်လလျှင် ထောက်ပံ့ကြေး အဖြစ် ကျပ်သုံးသောင်းရရှိမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာလက်မှတ်ကို ရရှိပြီး အလုပ်ခွင်သို့ တိုက်ရိုက်ဝင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“၀င်ခွင့်များကို ဒီနှစ်ပတ်အတွင်းမျာ အပြီးရွေးချယ်သွားမှာပါ။ ၀င်ခွင့်ရတဲ့သူတွေကို နိုဝင်ဘာလထဲမှာပဲ ထုတ်ပြန်ပေးသွားမှာပါ။ ဒီနှစ်ကတော့ ၀န်ကြီးက မြို့နယ်အလိုက် ၀င်ခွင့်ပေးဖို့ လမ်းညွှန်ထားတယ်။ ဥပမာ ကချင်ပြည်နယ်မှာ မြစ်ကြီးနားကောလိပ်ရှိတယ်။ ကချင်ပြည်နယ်က မူလတန်း ကျောင်းသား၊ ကျောင်းသူဦးရေ အများဆုံးဆိုရင် မြစ်ကြီးနား ကောလိပ်က ၀င်ခွင့်ပေးရမယ့်ခွဲတမ်းက အများဆုံး ရရှိမယ်” ဟု ပြောသည်။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 10274 times