Sales Hotline : 09448001653       Download App



ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်ဆရာ၊ ဆရာမများကို ရာထူးတိုးမြှင့်ပေးရာတွင် တိကျမျှတာစွာ ဆောင်ရွက်ပေးရန် လိုအပ်ဟု လွှတ်တော်တွင်ပြော

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်ဆရာ၊ ဆရာမများကို ရာထူးတိုးမြှင့်ပေးရာတွင် တိကျမျှတာစွာ ဆောင်ရွက်ပေးရန် လိုအပ်ဟု လွှတ်တော်တွင်ပြော

တာဝန်ထမ်းဆောင်နေသော သရုပ်ပြအဆင့်မှ လက်ထောက် ကထိက၊ ကထိကနှင့် ပါမောက္ခအဆင့် ရာထူးတိုးမြှင့်ပေးရာတွင် ဌာနတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျမျှတစွာ ဆောင်ရွက်ရန် အစီအစဉ် ရှိမရှိ မေးမြန်ခဲ့သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တို့တွင် လုပ်ငန်းခွင် မျှော်လင့်ချက်ကင်းမဲ့မှု ခံစားနေရပြီး နိုင်ငံတော်တိုးတက်စေမည့် မူဝါဒများ တိုက်ဖျက်ရန်အတွက် လုပ်ငန်းခွင် ရာထူးတိုး မညီမျှမှုများကို ဆန့်ကျင့်ကန့်ကွက်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းဖဲကြိုးပြာ လှုပ်ရှားမှု လုပ်ခဲ့ကြောင်း သိရသည်။

READ -  တက္ကသိုလ်နှင့် ကောလိပ် ၅၀ နီးပါး၏ ရာထူးတိုးပြောင်းရွှေ့စာရင်းများ နိုဝင်ဘာလကုန်တွင် ထွက်ရှိမည်

“ဒီလို ဖြစ်ရတာကို လေ့လာလိုက်တဲ့အခါမှာ ဦးစီးဌာနမတူရင် နေရာပြောင်းရွှေ့မပေးဟု သိထားသော်လည်း တစ်ဦးစနှစ်ဦးစ ပြောင်းပေနေခြင်း၊ လက်ရှိနေရာတွင် သုံးနှစ်သာ တာဝန်ထမ်းဆောင်ရန် ပြဌာန်းထားပေမယ့် ရာထူးတိုးနေရာပြောင်း ရွှေ့သူများရှိနေသလို ရန်ကုန်တွင် ဆယ်နှစ်နီးပါးကြာသည့်အထိ အလုပ်လုပ်ကာ ရာထူးတိုးပြီး မပြောင်းရွှေ့ရခြင်း၊ ရာထူးတိုးပြောင်းရွှေ့ခြင်း ပြုလုပ်ရာတွင် ရန်ကုန်တွင် အနေကြာသူများအား နယ်တက္ကသိုလ်တွင် အနေကြာသူများနှင့် တစ်လှည့်စီ ပြောင်းပေးရန် ဖြစ်သော်လည်း မပြောင်းရသူများ ရှိနေခြင်း၊ နယ်ဆင်းပြီးသူများကို နယ်အဝေးသို့ ပြန်လွှတ်၊ ရန်ကုန်ကသူကို အနီးတစ်ဝိုက်ကနေ ရန်ကုန်ကို ပြန်ဝင်ခိုင်းခြင်း ” စသည့် အခြေအနေများကြောင့် ရာထူးတိုးမြှင့်ပေးရာတွင် တိကျမျှတစွာ လုပ်ဆောင်ရန် လိုအပ်သည်။

ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ရာထူးတိုးမြှင့်ပေးရန် ဖွဲ့စည်းပုံ လစ်လပ်မှု၊ သတ်မှတ်မှုနှင့် ကိုက်ညီပါက အခွင့်အရေး သာ တူညီမျှရရှိစေရေးအပြင် ဘက်မလိုက်ဘဲ နစ်နာမှု မရှိစေရေးတို့ကို ပါ ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

“၀န်ထမ်းရွေးချယ်ရေးအဖွဲ့ရဲ့ ကန့်သတ်ချက်တွေ၊ ဥပဒေတွေပါတယ်။ တစ်ချို့ကျတော့ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့ကို မေတ္တာရပ်ခံ ရပါတယ်။ ထူးခြားသော အခြေအနေရှိပါတယ်။ ဆရာ၊ ဆရာမတွေသည် အလုပ်ခွင်ဝင်ရာမှာ တစ်စုတည်း၊ တစ်ဝေးတည်း တစ်ချိန်တည်း ၀င်ကြတာတွေများတဲ့အတွက် ရှိသမျှ သူအားလုံးကို ရာထူးတိုးပေးဖို့ အခက်ခဲရှိပါတယ်” ဟု ဒုတိယ၀န်ကြီး ထပ်လောင်းပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2606 times