Sales Hotline : 09448001653       Download App



တက္ကသိုလ်နှင့် ကောလိပ် ၅၀ နီးပါး၏ ရာထူးတိုးပြောင်းရွှေ့စာရင်းများ နိုဝင်ဘာလကုန်တွင် ထွက်ရှိမည်

တက္ကသိုလ်နှင့် ကောလိပ် ၅၀ နီးပါး၏ ရာထူးတိုးပြောင်းရွှေ့စာရင်းများ နိုဝင်ဘာလကုန်တွင် ထွက်ရှိမည်

အဆိုပါ တက္ကသိုလ်နှင့် ကောလိပ် ၄၈ ကျောင်းမှ ပါမောက္ခချုပ်များကို နေပြည်တော်ရှိ ပညာရေး ဝန်ကြီး ဌာနသို့ အောက်တိုဘာ ပထမပတ်က ခေါ်ယူ၍ ရာထူးတိုးပြောင်းရွှေ့အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ နိုဝင်ဘာကတော့ စာမေးပွဲတွေ ရှိနေတော့ ဆရာ၊ ဆရာမတွေက တာဝန်ထမ်းဆောင်ရဦးမယ်လေ။ ပြောင်းရွှေ့လို့မရသေးဘူး။ ဒါကြောင့် နိုဝင်ဘာလကုန် ဒီဇင်ဘာကြားလောက်တော့ ဖြစ်လိမ့်မယ်။ ဘယ်သူတွေ ဘယ်လောက်တိုးမယ်ဆိုတာကတော့ ဥပမာ ပါမောက္ခ ၅ နေရာလစ်လပ်တယ်၊ လျှောက်ထားတာ ၁၄၅ ယောက်ဆိုရင် လုပ်သက်နဲ့ တန်းစီဇယားအရ ရမယ့်သူကတော့ သိနေပြီ။ စာရင်းကတော့ မကြာခင်ထွက်ပေးမယ်။ နည်းပြ သရုပ်ပြ၊ လက်ထောက်ကထိက၊ ကထိက စတဲ့ ရာထူးအစုံတိုးပြောင်း ပါပါတယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

READ - အစိုးရနည်းပညာကောလိပ်နှင့် နည်းပညာသိပ္ပံ ၂၅ ကျောင်းမှ A.G.T.I သုံးနှစ် သင်တန်းများကို အောက်တိုဘာ ၁၉ ရက်နေ့တွင် စတင်လျှောက်ထားနိုင်

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးမြင့်ရေးမူအရ ပါမောက္ခရာထူးတိုးမြှင့်ရေးသတ်မှတ်ချက်တွင် ပါရဂူဘွဲ့ရပြီးသူ၊ တွဲဖက်ပါမောက္ခရာထူး အသားတင်လုပ်သက် ၁ နှစ်ပြည့်ပြီးသူ၊ ပြစ်ဒဏ်ကာလအတွင်း မဟုတ်သူ၊ ပါမောက္ခရာထူးဖြင့်ထိုက်တန်ကြောင်း သက်ဆိုင်ရာအကြီးအကဲမှ ထောက်ခံသူဟူ၍ သတ်မှတ်ထားကြောင်း၊ တန်းစီဇယားရေးဆွဲသည့်မူတွင် ထို့ထက် ပိုအသေးစိတ်ကျပြီး တွဲဖက်ပါမောက္ခလုပ်သက်များသူ၊ စုစုပေါင်း လုပ်သက်ရမှတ်များသူ၊ ပြည်တွင်း ပြည်ပ သုတေသန ဂျာနယ်များတွင် ကိုယ်တိုင်ရေးသားသူ၊ ပါရဂူဘွဲ့ ရစောသူ စသဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

ကထိက ရာထူးတိုးမြှင့်ရေးတွင် အနည်းဆုံး မဟာဘွဲ့၊ မဟာဒသနဘွဲ့ရရှိပြီးသူ၊ လက်ထောက်ကထိက လုပ်သက် ၃ နှစ်ပြည့်သူ၊ ပြစ်ဒဏ်ကာလအတွင်းမဟုတ်သူ၊ ကထိကရာထူးဖြင့်ထိုက်တန်ကြောင်း သက်ဆိုင်ရာအကြီးအကဲမှထောက်ခံသူဟူ၍ သတ်မှတ်ထားသည်။

နှစ်စဉ် ရာထူးတိုးပြောင်းရွှေ့စာရင်းများထွက်ပေါ်ရာတွင် ကြေညာချက်များ ထုတ်ပြန်မှုနောက်ကျခြင်း၊ ဆရာ၊ ဆရာမများအပေါ် ပွင့်လင်းမြင်သာမှုအားနည်းခြင်းတို့ကို မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကြေညာချက်ထုတ်၍ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ဖူးသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: ကြေးမှုံ

News Read 2925 times