Sales Hotline : 09448001653       Download App



၂၀၁၈ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ၀င်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

၂၀၁၈ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ၀င်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ၀ါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်) စုစုပေါင်း (၂၅) ကျောင်းတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် သင်တန်းသားများ ခေါ်ယူမည် ဖြစ်ပါသည်။

၂. လျှောက်ထားသူသည် -

(က) နည်းပညာနှင့်သက်မွေးလုပ်ငန်းသဘောနှင့် လိုက်လျောညီထွေဖြစ်ရမည့်အပြင် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောက်ရွက်နိုင်သူ ဖြစ်ရမည်။

(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာတွဲများပါဝင်သော မည်သည့် ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။

(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာ စုစုပေါင်း ရမှတ်အပေါ် မူတည်၍ ရွေးချယ်မည် ဖြစ်သည်။

၃. အစိုးရနည်းပညာ အထက်တန်းကျောင်းမှ အောင်မြင်ပြီးသူများကိုလည်း စိစစ်လက်ခံပေးမည်ဖြစ်ပါသည်။

READ - တက္ကသိုလ်ပြောင်းရွှေ့တက်ရောက်လိုသူများ ကျောင်းဖွင့်ပြီး ၂၁ ရက်အတွင်း အပြီးပြောင်းရွှေ့ရမည်

၎. အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံများအလိုက် ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က) မြို့ပြအင်ဂျင်နီယာ (အပိုဒ် ၉၁) ပါ ကျောင်းပေါင်း (၂၄) ၊ ပြင်ဦးလွင် မပါဝင်ပါ)

(ခ) အီလက်ထရောနစ် အင်ဂျင်နီယာ (အပိုဒ် (၁) ပါ ကျောင်းပေါင်း (၂၂)၊ ပူတာအို၊ သံတွဲ၊ ကျောက်ဖြူမပါဝင်ပါ)

(ဂ) လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ (အပိုဒ် (၁) ပါ ကျောင်းပေါင်း (၂၄)၊ ပြင်ဦးလွင်မပါဝင်ပါ)

(ဃ) စက်မှုအင်ဂျင်နီယာ (အပိုဒ် (၁) ပါ ကျောင်းပေါင်း (၂၂)၊ ပူတာအို၊ ကျောက်ဖြူ မပါဝင်ပါ)

(င) သုတနည်းပညာ (အစိုးရနည်းပညာကောလိပ် (မိုးညှင်း၊ မြင်းခြံ၊ ရွှေဘို) နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ၊ ကျောက်ဆည်))

(စ) စက်မှုလုပ်ငန်းအင်ဂျင်နီယာ (အစိုးရစက်မှုလက်မှု သိပ္ပံ (အင်းစိန်))

၅. သင်တန်းကာလမှ (၃) နှစ်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ် ပေးအပ်မည် ဖြစ်သည်။ A.G.T.I (၃) နှစ်သင်တန်းများတွင် သတ်မှတ်အရည်အချင်း ပြည့်မီပါက နည်းပညာ တက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများသို့ ပေါင်းကူး တက်ရောက်နိုင်ပါမည် ဖြစ်ပါသည်။

၆. ၀င်ခွင့်လျှောက်လွှာများကို မိမိတို့ လျှောက်ထားလိုသည့် အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံများ၌ (၁၉-၁၀-၂၀၁၇) ရက်နေ့ တွင် စတင်ထုတ်ယူနိုင်ပါသည်။ လျှောက်လွှာများကို (၁၀-၁၁-၂၀၁၇) ရက်နေ့ နောက်ဆုံးထား၍ မိမိတို့ လျှောက်ထားမည့် ကျောင်းများသို့ ပြန်လည်တင်သွင်းရပါမည်။

၇. လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရမည် -

(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊

(ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံဏာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း။

(ဂ) သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်း (မူရင်းနှင့် မိတ္တူ)

(ဃ) ပတ်စပို့အရွယ်ရောင်စုံ ဓာတ်ပုံ (၃) ပုံ။

၈. အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အပိုဒ် (၁) ပါ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်းများသို့ ဆက်သွယ်မေးမြန်းနိုင်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: ministry of education

News Read 18280 times