Sales Hotline : 09448001653       Download App



တက္ကသိုလ်ဆရာများ ရာထူးတိုးမူဝါဒနှင့်ပတ်သက်သည့် အရေးပေါ်အစည်းအဝေး ကျင်းပရန် MTF ပြင်ဆင်

တက္ကသိုလ်ဆရာများ ရာထူးတိုးမူဝါဒနှင့်ပတ်သက်သည့် အရေးပေါ်အစည်းအဝေး ကျင်းပရန် MTF ပြင်ဆင်

ရက်ပိုင်းအတွင်း မန္တလေး(သို့မ ဟုတ်) ရန်ကုန်မြို့တွင် ကျင်းပရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်(MTF) က ပြင်ဆင်နေသည်။

 

အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခရာထူးမှ လက်ထောက် ကထိကရာထူးအထိ ရာထူးတိုး၊ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများကို အောက်တိုဘာ ၁ ရက်က ၀န်ကြီးဌာန၀က်ဘ်ဆိုက်(www.moe.gov.mm)က ပထမဆုံးအ ကြိမ် တရားဝင်ကြေညာခဲ့သည်။

 


 ပညာရေးဝန်ကြီးဌာနက ချမှတ်သော ယင်းမူဝါဒများ နှင့်ပတ်သက်၍ တက္ကသိုလ်ဆရာ၊ဆရာမအသိုင်းအ၀ိုင်းအကြား သဘောတူလက်ခံသူရှိသကဲ့သို့ မူဝါဒများ၏ အားနည်းချက်များကို လည်း ဝေဖန်ပြောဆိုမူများရှိနေ ရာ ဆရာ၊ ဆရာမများ၏ သဘော ထားများကိုစုစည်းကာ MTF က ၀န်ကြီးဌာနသို့ ပြန်လည်တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။

 

‘‘ရာထူးတိုးမှုတွေအပေါ်မှာ လက်ခံခြင်း၊ လက်မခံခြင်း၊ ထောက်ခံခြင်း၊ မထောက်ခံခြင်း မျိုးစုံရှိနေတာကိုး။ ဆရာတို့က တော့ ဖြစ်နိုင်ရင် အကုန်လုံးက လည်း ဆန္ဒရှိရင်၊ ကိုယ့်စရိတ်နဲ့ ကိုယ် တက်နိုင်ကြမယ်ဆိုရင် အရေးပေါ်အစည်းအဝေးတစ်ခု လုပ်ချင်တယ်။ အဲဒီအစည်းအဝေးက နေမှ ဆွေးနွေးချက်တွေ၊ ရလဒ် တွေကို သက်ဆိုင်ရာတာဝန်ရှိသူ တွေနဲ့ဆက်ပြီး ဆွေးနွေးမယ်’’ဟု MTF အတွင်းရေးမှူး ကျောက်ဆည်တက္ကသိုလ် ရူပဗေဒဌာနမှ ကထိကဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။

 

 အရေးပေါ်အစည်းအဝေး ကျင်းပရန် ပဏာမအစီအစဉ်အနေဖြင့် တက္ကသိုလ်ဆရာ၊ ဆရာမများ အဖွဲ့ဝင်အဖြစ်ရှိနေ သည့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် လျှို့ဝှက်စာမျက်နှာ(Closed Group) တစ်ခုမှတစ်ဆင့် ရာထူး တိုးမူဝါဒဆိုင်ရာ အမြင်သဘော ထားစစ်တမ်းတစ်ခုကို အောက် တိုဘာ ၉ ရက်မှစကာ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများ အ ဖွဲ့ချုပ်က ကောက်ယူနေသည်။

 

တစ်နိုင်ငံလုံးရှိ ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၈ ခု၏ ရာထူးတိုး၊ အ ပြောင်းအရွှေ့များကို ယခုနှစ်မှ စတင်ကာ ပညာရေးဝန်ကြီးဌာန က ကြေညာထားသော မူဝါဒများ အတိုင်းသာ ဆောင်ရွက်မည်ဖြစ် ပြီး ယင်းမူဝါဒများနှင့်မညီဘဲ ဆောင်ရွက်ခြင်းများရှိပါက အဆင့်မြင့်ပညာဦးစီးဌာနသို့ အကြောင်းကြား ကန့်ကွက်နိုင်ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားထားသည်။

 

‘‘ပိုပြီးတော့ ပွင့်လင်းမြင်သာ မှုရှိအောင် ရှင်းရှင်းလင်းလင်း ချ ပြထားတာပါ။ တန်းစီဇယားကို ဘယ်လိုတန်းစီမလဲ၊ ဘယ်လိုမူ တွေနဲ့ ရာထူးတိုးတွေ လုပ်မလဲ၊ ဘယ်လိုလူတွေလျှောက်ခွင့်ရှိလဲ။ အဲဒီအတိုင်း ၀က်ဘ်ဆိုက်က ချပြ ထားတာပါ။ ကျွန်တော်တို့ ရာထူး တိုးလုပ်တဲ့အခါ လွဲမှားမှုရှိရင်၊ မကျေနပ်ရင် သူတို့ကန့်ကွက်နိုင် တယ်။ ကျွန်တော်တို့ဘက်က လွဲ တာမှားတာ ရှိသွားရင် သူတို့ကန့် ကွက်တာနဲ့ ကျွန်တော်တို့ပြင်လို့ ရတယ်’’ဟု ဒေါက်တာအောင် အောင်မင်းက ပြောသည်။

 

ပညာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် ကြေ ညာထားသော ရာထူးတိုးဆိုင်ရာ မူဝါဒများတွင် ပါမောက္ခ၊ တွဲဖက် ပါမောက္ခ၊ ကထိကနှင့် လက် ထောက်ကထိက ရာထူးတိုးမြှင့် ရေးမူများ၊ လုပ်သက်တန်းစီဇ ယား ရေးဆွဲတွက်ချက်ပုံများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဘာသာရပ် အလိုက် ဆရာ၊ ဆရာမလစ်လပ် စာရင်းများ ဖော်ပြထားသည်။

 

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးတိုး၊ အပြောင်းအရွှေ့များ ကို တစ်နှစ်တစ်ကြိမ် ဆောင်ရွက် လေ့ရှိသော်လည်း ရာထူးတိုး၊ အ ပြောင်းအရွှေ့ဆောင်ရွက်သည့် မူ ၀ါဒများကို ယခင်က တရားဝင် ထုတ်ပြန်ကြေညာခြင်းမျိုး မရှိ ပေ။

 

အဆင့်မြင့်ပညာဦးစီးဌာန အောက်တွင် ၀ိဇ္ဇာ၊ သိပ္ပံတက္က သိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၈ ခု၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် ၆၀၊ ပညာရေးကောလိပ် ၂၅ ခုရှိသော်လည်း အောက်တိုဘာ ၁ ရက်က ထုတ် ပြန်သည့် မူဝါဒများသည် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၈ ခုအတွက်သာ အကျုံးဝင်သည်။

 

Source: 7 days new

News Read 4732 times