Sales Hotline : 09448001653       Download App



ဟားဗတ်တက္ကသိုလ်မှ အကျော်ကြားဆုံး ကျောင်းသားဟောင်း (၅) ဦး

ဟားဗတ်တက္ကသိုလ်မှ အကျော်ကြားဆုံး ကျောင်းသားဟောင်း (၅) ဦး

ဟားဗတ်တက္ကသိုလ်ဟာ မကြာသေးမီက ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်အဖြစ် ဗဟိုပြုအဆင့် သတ်မှတ်လိုက်ပါတယ်။

၁၆၃၆ ခုနှစ်မှာ စတင်တည်ထောင်ပြီးကတည်းက အလွန်အောင်မြင်တဲ့ လူတွေကို မွေးထုတ်ပေးနိုင်တဲ့ Harvard ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

အောင်မြင်တဲ့လူတွေ နိုင်ငံရေး၊ ငွေရေးကြေးရေးနဲ့ အနုပညာလုပ်ငန်းစတာတွေမှာလုပ်ကိုင် နေကြသူတွေ ပါဝင်ပါသည်။

ဒီတစ်ကြိမ်မှာတော့ Havard တက္ကသိုလ်ကထွက်တဲ့ ကမ္ဘာပေါ်မှာအောင်မြင်တဲ့ သူ ငါးဦးအကြောင်းတင် ပြပေးသွားပါ့မယ်။

၁. Barack Obama

obama

အမေရိကန်သမ္မတ အိုဘားမားဟာ ၁၉၈၈ ခုနှစ်တွင် ဟားဗတ်ဥပဒေကျောင်းကို ၀င်ရောက်ခဲ့ပြီးတော့ သူဟာ ပထမဆုံး Harvard Law Review ရဲ့လူမည်းသမ္မတ ဖြစ်လာပါတယ်။ သူကျောင်းတက်နေစဉ် အတွင်းမှာ သူဟာ လူမည်း ကျောင်းသားရေးရာအသင်းမှာ ဘတ်စကက်ဘောကို ကစားခဲ့တယ်။

၂. Al Gore

AI Gore

အမေရိကန် ဒုသမ္မတဟောင်း AI Gore ဟာ ၁၉၆၉ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်မှ အစိုးရပိုင်းဆိုင်ရာ ဘွဲ့ကို ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး၊ သူဟာ ရုပ်သံ မီဒီယာဟာအစိုးရအပေါ် သက်ရောက်မှုဆိုတဲ့ ကျမ်းကို 1947-1969 အတွင်း ပြုစုခဲ့ပါတယ်။

၃. Ben Bernanke

Ben Bernanke

အမေရိကန် ဗဟိုဘဏ် (Federal Reserve) ရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ Ben Bernanke ဟာ Harvard တက္ကသိုလ်မှ စီးပွားရေးအထူးပြု ဘွဲ့ကို ၁၉၇၅ မှာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ သူဟာ SATs စာမေးပွဲဖြေဆိုရာမှာ ၁၆၀၀ မှာ ၁၅၉၀ နဲ့ အောင်မြင်ခဲ့ပါတယ်။

၎. Bill Gates

bill gates

ဟားဗတ်တက္ကသိုလ်မှာ ၁၉၇၃ မှာ စတင်သင်ကြားခဲ့ပြီး applied math မေဂျာကို ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သူဟာ ဟားဗတ်ကျောင်းတက်လို့ ၂ နှစ်ကြာပြီးတော့ သူ့သူငယ်ချင်းဖြစ်သော Paul Allen နဲ့ Microsoft တည်ထောင်ဖို့ ကျောင်းထွက်ခဲ့တယ်။ Bill Gates အတန်းဖော်တစ်ယောက်၏ ပြောကြားချက်အရ သူဟာ တစ်ကြိမ်မှာ ၃၆ ကြာအောင် စာသင်ချိန်ယူပြီး ၁၀ ကြာ အနားယူခဲ့ပါတယ်။

၅. Conan O'Brien

Conan OBrien

Comedian Conan O'Brien ဟာ ၁၉၈၅ ခုနှစ် မှာ အမေရိကန်သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ သူဟာ ၂ ပတ်တစ်ကြိမ်ထွက်တဲ့ ဟားဗတ်၏ ဟာသ magazine ဖြစ်သော "The Harvard Lampoon" ကို President ရာထူး ဖြင့် ဆောင်ရွက်ခဲ့ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

News Read 6130 times