Sales Hotline : 09448001653       Download App



တက္ကသိုလ်အပြောင်းအရွှေ့ သတ်မှတ်ဦးရေ မပြည့်သေးမှသာ စဉ်းစားမည်

တက္ကသိုလ်အပြောင်းအရွှေ့ သတ်မှတ်ဦးရေ မပြည့်သေးမှသာ စဉ်းစားမည်

“ပြောင်းချင်တဲ့ တက္ကသိုလ်ရဲ့ ဝင်ခွင့်အမှတ်မီရုံ တင်မဟုတ်ဘူး၊ အဲဒီတက္က သိုလ်ရဲ့ သတ်မှတ်ဦးရေ မပြည့်သေးမှ ပြောင်းပေးလို့ရတယ်၊ ဒီအတိုင်း ပြောင်းချင်တိုင်း ပြောင်းလို့တော့မရဘူး၊ ကိုယ်ရတဲ့ အမှတ်က နိမ့်ပြီး ပြောင်းချင်တဲ့ကျောင်း က အမှတ်မြင့်နေရင်တော့လဲ မရပြန်ဘူးပေါ့ ”လို့ အဆင့်မြင့်ပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိတာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

READ - တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး၌ စာမေးပွဲဖြေဆိုခွင့်ဖောင်များ တင်ကြရာတွင် သတိပြုစရာ ဆောင်ရန်၊ ရှောင်ရန်များ

တက္ကသိုလ်ပြောင်းရွှေ့မယ်ဆိုရင် မိမိဝင်ခွင့်ရရှိထားတဲ့ တက္ကသိုလ်ကနေ ကျောင်းဝင်မှတ်ပုံတင်ထားတာ မရှိကြောင်း ထောက်ခံစာ သွားရောက်ယူဆောင်ပြီး အမှတ်စာရင်းမိတ္တူ၊ အောင်လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတွေနဲ့ အတူ တက္ကသိုလ်ဝင်စိစစ်ရွေးချယ်ရေးအဖွဲ့အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ မှာ အပြောင်းအရွှေ့ တင်သွင်းရမှာ ဖြစ်ပါတယ်။

အဲသည်လို ပြောင်းရွှေ့မယ်ဆိုရင် နည်းပညာတက္ကသိုလ် အချင်းချင်းဖြစ်စေ၊ ဆေးတက္ကသိုလ်အချင်းချင်းဖြစ်စေ ၊ ပြောင်းရွှေ့ ခွင့်မပြုဘူးလို့ သိရပါတယ်။

တက္ကသိုလ်ဝင်ခွင့်ပြု အကြောင်းပြန်ကြားစာတွေကို နှစ်စဉ် နိုဝင်ဘာလထဲမှာ သက်ဆိုင်ရာ တက္ကသိုလ်တွေအလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပြီး ပညာရေးဝန် ကြီးဌာန လက်အောက်မှာရှိတဲ့ တက္ကသိုလ် ဒီဂရီကောလိပ်တွေ အားလုံးရဲ့ ပထမနှစ် နေ့သင်တန်းတွေကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ဒုတိယနှစ်နဲ့ အထက် နေ့သင်တန်းတွေကို ဒီဇင်ဘာလ ၁ ရက်နေ့ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

တက္ကသိုလ်ပြောင်းရွှေ့သင်ကြားလိုသူတွေအနေနဲ့ မိမိဝင်ခွင့်ရရှိတဲ့ တက္ကသိုလ်တွေ ဖွင့်လှစ်ပြီး ၂၁ ရက်ကြာမှသာ အပြောင်းအရွေ့ လျှောက်ထားနိုင်ကြောင်း ကိုလည်း ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 5215 times