Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်ရသူများကို သက်ဆိုင်ရာတက္ကသိုလ်များက နိုဝင်ဘာဒုတိယပတ် အကြောင်းပြန်မည်

တက္ကသိုလ်ဝင်ခွင့်ရသူများကို သက်ဆိုင်ရာတက္ကသိုလ်များက နိုဝင်ဘာဒုတိယပတ် အကြောင်းပြန်မည်

တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များ၏ အထူးပြုဘာ သာရပ် ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရသည့် စာရင်းကို အဆင့်မြင့်ပညာ ဦးစီးဌာနရုံးများ တွင် ထုတ်ပြန်ကြေညာပေးမည် မဟုတ်ဘဲ တက္ကသိုလ်၊ ဒီဂရီကော လိပ်နှင့် ကောလိပ်များက ၎င်းတို့ ကျောင်း၌ ဝင်ခွင့်ရသည့် ကျောင်း သား၊ ကျောင်းသူများကို စာတိုက် ကတစ်ဆင့် ပြန်လည်အကြောင်း ကြားပေးမည်ဖြစ်သည်။

‘‘နိုဝင်ဘာ ဒုတိယပတ် လောက်မှာ တက္ကသိုလ်၊ ကောလိပ်ဝင်ခွင့်ရစာရင်းတွေ ပြန်ချပေး မယ်။ ဝင်ခွင့်ရစာရင်းကို ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်တွေမှာ ကြေညာထားမယ်။ ကျောင်းသား တွေဆီကို အဲဒီကျောင်းတွေကပဲ အကြောင်းပြန်ပေးမယ်’’ ဟု ၎င်း က ပြောသည်။

READ - နိုင်ငံခြားဘာသာစကား သင်တန်းလျှောက်လွှာများကို စက်တင်ဘာ ၁၈ ရက်နေ့ စတင်လျှောက်ထားနိုင်

ဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးအဖွဲ့က တက္ကသိုလ်ဝင်စာမေး ပွဲ ရမှတ်၊ ကျောင်းသား၊ ကျောင်းသူများ၏ ဦးစားပေးလျှောက်ထား မှု၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များက လက်ခံပေးနိုင်မည့် ကျောင်းသား အရေအတွက် အပေါ် မူတည်၍ စိစစ်ရွေးချယ် မည်ဟု သိရသည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေး ပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ၁၇ ခု တွင် သြဂုတ် ၉ မှ ၂၅ ရက်အထိ တင်သွင်းခွင့်ပြုပြီး သတ်မှတ်ရက် ကျော်လွန်သည်အထိ မ လျှောက် ထားရသေးပါက အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံ လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန် မြို့သို့ ပေးပို့လျှောက်ထားရမည် ဟု ကြေညာထားသည်။

လာမည့် ဒီဇင်ဘာတွင် စတင် ဖွင့်လှစ်မည့် ၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်အသီးသီး၏ ပထမ နှစ်သင်တန်းများ၌ တက်ရောက်ခွင့်ရရှိသူများအနေဖြင့် သက်ဆိုင် ရာ ကျောင်းများ၏ ကျောင်းအပ် လက်ခံသည့် ကာလအတွင်း ကျောင်းအပ်ရန် လိုအပ်ကြောင်း ကြေညာထားသည်။

၂၀၁၇ တက္ကသိုလ်စာမေးပွဲ တွင် ၇၁၆,၁၈၈ ဦး ဝင်ရောက်ဖြေ ဆိုရာ ၂၄၂,၇၃၆ ဦးအောင်မြင်ပြီး အောင်ချက် ၃၃ ဒသမ ၈၉ ရာ ခိုင်နှုန်းရှိခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 10514 times