Sales Hotline : 09448001653       Download App



ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်၌ ကျောင်းသားဦးရေ ၃၀ စီ တိုးမြှင့်လက်ခံမည်

ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်၌ ကျောင်းသားဦးရေ ၃၀ စီ တိုးမြှင့်လက်ခံမည်

ထိုတက္ကသိုလ်များသို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၈၀ မှတ်နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်ပြီး ၀င်ခွင့်ခေါ်ယူရာတွင် ယခင်နှစ်က စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ အများဆုံး ၃၀၀ စီသာ လက်ခံနိုင်မည်ဟု သတ်မှတ်ထားခဲ့သော်လည်း ယခုပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၃၃၀ စီ လက်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနအားလုံးမှ အောင်မြင်သူများ သင်ကြားနိုင်ပြီး ကျန်းမာရေးကောင်းမွန်ကာ လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

READ - တက္ကသိုလ်ဝင်ခွင့်လာရောက် လျှောက်ထားသူများအတွက် ကောင်တာ ၁၆ ခုဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိ

ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များတွင် သင်ကြားသည့် ဘာသာရပ်များမှာ မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက် နည်းပညာ၊ စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာ၊ ချည်မျှင်နှင့် အထည်အင်ဂျင်နီယာ၊ သတ္ထုတူးဖော်ရေးအင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ၊ သတ္ထုဗေဒအင်ဂျင်နီယာနှင့် ဒြပ်ပစ္စည်းသိပ္ပံနှင့် ဗိသုကာ စသည့် ဘာသာရပ်များ သင်ကြားမည်ဖြစ်သည်။

သင်တန်းကာလမှာ ၆ နှစ် ဖြစ်ပြီး သင်တန်းကာလ ပြီးစီးအောင်မြင့်သည့်အခါ B.E ဘွဲ့/B.Arch ဘွဲ့ကို တိုက်ရိုက်အပ်နှင်းမည် ဖြစ်ကြောင်းသိရသည်။

သင်ကြားခွင့်ပြုမည့် ဦးစားပေးအဓိက ပညာရပ်ကို ကျောင်းသား၊ ကျောင်းသူ၏ ဦးစားပေးလျှောက်ထားမှုနှင့် သက်ဆိုင်ရာ ပညာရပ်အတွက် လက်ခံနိုင်မည့် ဦးရေ ကန့်သတ်ချက်ပေါ်မူတည်၍ ခွဲဝေသတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: daily eleven

News Read 4630 times