Sales Hotline : 09448001653       Download App



အင်းစိန်ဂျီတီအိုင်ကျောင်းဝင်ခွင့် အောက်တိုဘာလအတွင်း ခေါ်ယူမည်

အင်းစိန်ဂျီတီအိုင်ကျောင်းဝင်ခွင့် အောက်တိုဘာလအတွင်း ခေါ်ယူမည်

အင်းစိန်ဂျီတီအိုင်တွင် မြို့ပြ အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီ ယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီ ယာ၊ လျှပ်စစ်ဆက်သွယ်ရေး အင် ဂျင်နီယာ၊ သုတနည်းပညာအင် ဂျင်နီယာ စသည့်ဘာသာရပ်အ လိုက် သုံးနှစ်ကြာ သင်တန်းများ ကို ၂၀၁၇ ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်သူများအား တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

 ‘‘ဂျီတီအိုင်ဝင်ခွင့်တွေကို အောက်တိုဘာမှာ ခေါ်လေ့ရှိ တော့ အင်းစိန်ဂျီတီအိုင်ကိုလည်း အဲဒီလထဲမှာပဲ ခေါ်နိုင်ဖို့ ကြိုးစား နေပါတယ်။ ဒီဇင်ဘာအမီဖွင့်နိုင် ဖို့ အဆောက်အအုံ ပြင်ဆင်မှုအ ပိုင်းတွေလည်း လုပ်နေပါတယ်’’ ဟု ဒေါက်တာချွန်ထူးအောင်က ပြောသည်။

READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်

သင်တန်းဝင်ခွင့် စတင် လျှောက်ထားနိုင်သည့် အချိန်ကို နိုင်ငံပိုင်သတင်းစာများမှတစ် ဆင့် ကြေညာမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ စာစစ်ဌာနအားလုံးမှ တက္ကသိုလ်စာမေးပွဲကို သိပ္ပံဘာ သာတွဲဖြင့် အောင်မြင်သူများအား လျှောက်ထား ခွင့်ပြုမည်ဖြစ်ကာ ဘာသာရပ်တစ်ခုလျှင် ၄၀ ဦးနှုန်းဖြင့် ရွေးချယ်လက်ခံမည်ဖြစ်သည်။

‘‘လျှောက်ထားတဲ့ ထဲကမှ ရေးဖြေ၊ နှုတ်ဖြေစစ်ဆေးပြီး သင်တန်းသား ၂၀၀ ဦး လက်ခံပေးပါမယ်’’ဟု နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့်က  အင်းစိန်ဂျီတီအိုင်အဆောက်အအုံ အကြီးစား ပြင်ဆင်မှုစတင်သည့် အခမ်းအနားတွင် ပြောကြားထားသည်။

၁၂၂ နှစ်သက်တမ်းရှိ အင်းစိန်ဂျီတီအိုင်အဆောက်အအုံသည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ အပြာရောင်ကမ္ပည်းပြားတပ်ဆင်ထားသော ရှေးဟောင်းအဆောက်အအုံဖြစ်သည်။

သင်တန်းများ ပြန်လည်ဖွင့် လှစ်နိုင်ရန် နည်းပညာ၊ စက် ပစ္စည်းများနှင့် ဆရာ၊ ဆရာမများ မွမ်းမံ သင်တန်းပို့ချရေး ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်း ပံ့ပိုးမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက အဆောက်အအုံပြင်ဆင်မွမ်းမံရေးနှင့် ရုံးသုံး ပစ္စည်းများအတွက် ကျပ် ၃ ဒသမ ၅ ဘီလီယံသုံးစွဲမည် ဖြစ်သည်။

အင်းစိန်ဂျီတီအိုင်ကျောင်း ကို ၁၉၈၅ တွင် စတင်ဖွင့်လှစ်ခဲ့ပြီးမြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၌ ပထမဆုံးစက်မှုလက်မှု ပညာသင်ကျောင်း ဖြစ်သည်။

၂၀၀၇ရွှေဝါရောင်သံဃာအရေးအခင်း၌ ဖမ်းဆီးထားသူများကို ယင်းကျောင်းဝင်းအတွင်းထား ရှိခြင်း၊ ကျောင်းဝင်း အတွင်း ဆေး ခန်းဖွင့်လှစ်ခြင်း၊ အခြားပုဂ္ဂလိက လုပ်ငန်းရှင်များအား ပုဂ္ဂလိက အထက်တန်း ကျောင်းဖွင့်ရန် ငှား ရမ်းခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် သင်တန်းများဖွင့်လှစ်မှုကို ရပ်ဆိုင်းထားခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 10025 times