Sales Hotline : 09448001653       Download App



တက္ကသိုလ်လက်ထောက်ကထိက ရာထူးတိုးအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုရမည်

တက္ကသိုလ်လက်ထောက်ကထိက ရာထူးတိုးအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုရမည်

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ဇွန်လ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်သော ရာထူးအဆင့်၏လုပ်ငန်း သဘာဝအလိုက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်း(သို့မဟုတ်) ရေးဖြေစာမေးပွဲနှင့် လက်တွေ့ကျွမ်းကျင်မှုနှစ်ရပ်စလုံး စစ်ဆေးခြင်း ပြုလုပ်၍ လူတွေ့စစ်ဆးပြီး အရည်အချင်းအကဲဖြတ်အမှတ်ပေးခြင်းတို့ ပြုလုပ်ရမည်ဟူသည့် ညွှန်ကြားချက် အရ ပြန်တမ်းဝင်အရာရှိ ဝင်ပေါက်ရာထူးသို့ တိုးမြှင့်ပေးနိုင်ရန် လက်ထောက်ကထိက ရာထူးတိုးအတွက် ရေးဖြေစာမေးပွဲဖြေဆိုရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ ညွှန်ကြားထား သည်။

‘‘ရာထူးဝန်ရဲ့မူအရ ရေးဖြေ ဖြေရမယ်။ ရေးဖြေစာမေးပွဲကို ကျွန်တော်တို့ အဆင့်မြင့်ပညာဦးစီးဌာနက ကျင်းပမယ်။ အဲဒီရမှတ်တွေကို ရာထူးဝန်အဖွဲ့ကို ပို့ရမယ်။ ရာထူးဝန်က အတည်ပြုပြီ ဆိုမှ ရာထူးတိုးဖို့ အော်ဒါထွက် ပေးရမှာပေါ့’’ဟု ဒေါက်တာသိန်း ဝင်းက ပြောသည်။

READ - ကွန်ပျူတာတက္ကသိုလ်အချို့နဲ့စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်အမှတ်များ တိုးမြှင့်

လက်ထောက် ကထိကရာထူးသည် ပြန်တမ်းဝင်အရာရှိဝင် ပေါက်ရာထူးဖြစ်၍ ပညာရေးဝန်ကြီးဌာန၊ ဦးစီးဌာန အားလုံး အောက်ရှိ ကျောင်းများတွင် သရုပ်ပြ၊ နည်းပြမှ လက်ထောက်ကထိ ကသို့ ရာထူးတိုးပေးရာ၌ အရည်အချင်းစစ်စာမေးပွဲအနေဖြင့် ရေးဖြေစာမေးပွဲ ထပ်မံဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

ယခင်က တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတွင် နည်းပြ၊ သရုပ်ပြများအား လက် ထောက်ကထိကရာထူးတိုးပေး ရာ၌ လုပ်သက်တန်းစီဇယားပေါ်တွင် အဓိကဆုံးဖြတ်ခဲ့သည်။

အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် သရုပ်ပြ၊နည်းပြမှ လက်ထောက်ကထိကသို့လည်းကောင်း၊ လက်ထောက်ကထိကမှ ကထိကသို့လည်းကောင်း ရာထူးတိုး လုပ်သက်ပြည့် မီသော်လည်း ရာထူးတိုးပေးရန် ကြန့်ကြာနေခြင်း၊ ရာထူးတိုးမျှတမှုမရှိခြင်းတို့ကြောင့် ဇူလိုင် ၃၁ရက်မှ သြဂုတ် ၄ ရက်အထိ ယင်းတက္ကသိုလ်များတွင် ဖဲကြိုးပြာလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

သြဂုတ် ၃ ရက်တွင် အဆင့် မြင့်ပညာဦးစီးဌာနက အဆိုပါ တက္ကသိုလ်များရှိ လက်ထောက်ကထိကမှ ကထိကရာထူးတိုး၊ ပြောင်းအမိန့်စာများထုတ်ပြန်ပေး ခဲ့သော်လည်း လက်ထောက်ကထိက ရာထူးတိုး၊ ပြောင်းများထုတ် ပြန်ရန် ကျန်ရှိနေသည်။

‘‘ရာထူးတိုးက လက် ထောက်ကထိက ကနေ ကထိကအတိုးထွက်ပြီ။ သရုပ်ပြ၊ နည်းပြကနေ လက်ထောက်ကထိကအတိုးက ကျန်နေသေးတယ်။ စာမေးပွဲပြန်ဖြေရမယ်လို့ ပြောတယ်။ နည်းပညာ၊ သက်မွေးဦးစီးဌာန အောက်က စာရင်းအစောကြီး တင်ထားတော့ အခုမူပြောင်းတဲ့ စာမေးပွဲဖြေရမယ်ဆိုတာနဲ့ မငြိဘူး။ အဆင့်မြင့်ပညာဦးစီးဘက်က တင်တာနောက်ကျတော့ မူအသစ်နဲ့ ငြိသွားတာ။ အဲဒါ ဝန်ကြီးဌာနက တာဝန်ယူဖြေရှင်းပေးရမှာ’’ဟု ပြည်နည်းပညာတက္ကသိုလ်ကထိက ဦးရဲမင်းသိန်းကပြောသည်။

ဇွန်လက ရာထူးတိုးအမိန့်စာများ ထုတ်ပြန်ခဲ့သော နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနအောက်ရှိ လက်ထောက် ကထိကရာထူးတိုးများသည် စာမေးပွဲဖြေဆိုရန် မလိုသော်လည်း ရာထူးဝန် အဖွဲ့၏ မူအသစ်ထုတ် ပြန်ပြီးမှ ရာထူးတိုးဆောင်ရွက် မည်ဖြစ်သည့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ လက်ထောက် ကထိကရာထူးတိုး လျှောက်ထားသူများသည် စာမေးပွဲဖြေဆိုရမည် ဖြစ်သည်။

နည်းပညာတက္ကသိုလ်၊ကွန် ပျူတာတက္ကသိုလ်များတွင် လက်ထောက်ကထိက ရာထူးတိုး လျှောက်ထားသူ ၂,၀၀၀ ခန့်ရှိပြီး ရာထူးဝန်အဖွဲ့၏မူအသစ်အရ ၎င်းတို့ကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတရေးဖြေ စာမေးပွဲကို သြဂုတ်အတွင်း စစ်ဆေး ရန် လျာထားသည်ဟု အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 4821 times