Sales Hotline : 09448001653       Download App



ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ပေါင်း ၇၀ ကျော် လာရောက်ပြသကြမည့် နိုင်ငံတကာ တက္ကသိုလ်ပညာရေးပြပွဲကြီး ကျင်းပမည်

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ပေါင်း ၇၀ ကျော် လာရောက်ပြသကြမည့်  နိုင်ငံတကာ တက္ကသိုလ်ပညာရေးပြပွဲကြီး ကျင်းပမည်

ပညာရေးပြပွဲကြီးတွင် စင်္ကာပူထိပ်တန်း ပုဂ္ဂလိကကျောင်းများ၊ အမေရိကန်နိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်နှင့် ကောလိပ်များ၊ သြစတြေးလျနှင့် အင်္ဂလန်တို့ရှိ ထိပ်တန်းတက္ကသိုလ်များမှ ပညာရေးအတိုင်ပင်ခံ ပုဂ္ဂိုလ်များ၊ ကျောင်းဝင်ခွင့်ဆိုင်ရာ တာဝန်ရှိသူများက လာရောက် ဆွေးနွေး ပေးကြမည်ဖြစ်သည်။

ပြပွဲတွင် ပါဝင်ပြသကြမည့် တက္ကသိုလ်၊ ကောလိပ်များ၏ သင်ကြားရေးအဆင့်နှင့် အလုပ်အကိုင်ရရှိမှု၊ Ranking များအခြေအနေကိုလည်း လေ့လာနိုင်မည်ဖြစ်ပြီး စင်ကာပူ၊ သြစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ အိုင်ယာလန်နိုင်ငံများရှိ ကမ္ဘာ့တက္ကသိုလ်များအကြောင်း၊ တက်ရောက်ရယူနိုင်မည့် ဘွဲ့ဒီဂရီများ အကြောင်း၊ အလုပ်အကိုင်များအကြောင်းနှင့် သက်ဆိုင်ရာ နိုင်ငံများ၏ ကျောင်းသားဗီဇာ လျှောက်ထားရန် လိုအပ်ချက်များကို ကျောင်းတစ်ခုချင်းစီတွင် အသေးစိတ်မေးမြန်းနိုင်မည်ဖြစ်သည်။

ထို့အပြင် ဗိသုကာဘာသာရပ်၊ စီးပွားရေးဘာသာရပ်၊ စာရင်းအင်းနှင့်ဘဏ္ဍာရေး ဘာသာ ရပ်၊ အင်ဂျင်နီယာဘာသာရပ်၊ အိုင်တီဘာသာရပ်၊ ဆေးပညာဘာသာရပ်၊ သတင်းမီဒီယာနှင့်  လူထု ဆက်သွယ်ရေး ဘာသာရပ်၊ ဖက်ရှင်နှင့် ဒီဇိုင်းဘာသာရပ်၊ ဇီဝဆေးသိပ္ပံဘာသာရပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဘာသာရပ်၊ ပညာရေးဆိုင်ရာဘာသာရပ်နှင့်  စိတ်ပညာဘာသာရပ်များ အကြောင်းတို့ကိုပါ သက်ဆိုင်ရာကျောင်းများ၏ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးမည်ဖြစ်ပါသည်။

ဘွဲ့လွန်ဒီဂရီတက်ရောက်လိုသူများအတွက် သက်ဆိုင်ရာ နိုင်ငံများ၏ ကျောင်းဝင်ခွင့်လို အပ်ချက်များ၊ အင်္ဂလိပ်စာလိုအပ်ချက်များ၊ တိုက်ရိုက်လျှောက်ထားနိုင်မည့် တက္ကသိုလ်များနှင့် Pre-Master Programme များမှ လျှောက်ထားနိုင်သော တက္ကသိုလ်များနှင့် ပတ်သက်၍ ၀င်ခွင့်ဆိုင်ရာ အရည်အချင်းများကို လည်း  အသေးစိတ်စုံစမ်း မေးမြန်းနိုင်ဖြစ်ကြောင်း သိရပါသည်။

၎င်းပညာရေးပြပွဲကြီးတွင်စီးပွားရေး၊ အိုင်တီ၊ အင်ဂျင်နီယာဘာသာရပ်များဖြင့် HND Level (5) ပြီးဆုံးထား သူများ၊ အသိအမှတ်ပြုတက္ကသိုလ်များမှဘွဲ့ဒီဂရီရရှိထားများသူနှင့်Top-up Degree တိုက်ရိုက် တက်ရောက်လို သူများအတွက် ဘာသာရပ်ကင်းလွတ်ခွင့်၊ အင်္ဂလိပ်စာသတ်မှတ်ချက်ကင်း လွတ်ခွင့်နှင့် ဘွဲ့လွန်ဒီဂရီတန်း များသို့ ၀င်ခွင့်သတ်မှတ်ချက်များ အကြောင်းတို့ကိုပါ အသေးစိတ် မေးမြန်း နိုင်ပါသည်။

ပြပွဲရက်အတွင်း အထူးအစီအစဉ်အနေဖြင့်  ပညာသင်ဆုများ၊ ကျောင်းလျှောက်လွှာကြေး ကင်းလွတ်ခွင့်များ၊ လေယာဉ်လက်မှတ်(1 Way Ticket) များပေးအပ်ခြင်း အစီအစဉ်များကို တက္ကသိုလ်များမှ ပေးအပ်ချီးမြှင့် မည်ဖြစ်ပါ သည်။

ပြပွဲလာရောက်လေ့လာကြသူများအနေဖြင့် မိမိရရှိထားသည့် ပညာရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်း များကို တစ်ပါတည်းယူဆောင်လာနိုင်ပြီး သက်ဆိုင်ရာ ကျောင်းတာဝန်ခံများထံ ပြသကာ မိမိတို့နှင့်ကိုက်ညီမည့် ဘာသာရပ်ရွေးချယ်ခြင်း၊ ဘာသာရပ်အချို့ကင်း လွတ်ခွင့်တောင်းခံခြင်း၊ ပညာသင်ဆုများ လျှောက်ထားခြင်းတို့ကို တိုက်ရိုက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

          ပွဲတက်ရောက်လိုသူများသည် ၀၉-၇၇၇၂၂၃၂၂၁၊ ၀၉-၇၇၇၂၂၃၂၂၅၊ ၀၉-၇၇၇၂၂၃၂၂၉ သို့ စုံစမ်း မေးမြန်းစာရင်းပေးသွင်းနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

News Read 2201 times