Sales Hotline : 09448001653       Download App



အလုပ်ခန့်ထားရန် ကြန့်ကြာနေခြင်းအပေါ် ပညာရေးတက္ကသိုလ် နှင့် ကောလိပ်သင်တန်းဆင်းများ သက်ဆိုင်ရာသို့ စာတင်တောင်းဆိုမည်

အလုပ်ခန့်ထားရန် ကြန့်ကြာနေခြင်းအပေါ် ပညာရေးတက္ကသိုလ် နှင့် ကောလိပ်သင်တန်းဆင်းများ သက်ဆိုင်ရာသို့ စာတင်တောင်းဆိုမည်

ပညာ ရေးဝန်ကြီးဌာန ၀န်ကြီးရုံး၊ အခြေ ခံပညာဦးစီးဌာန၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင်နှင့် ပြည်သူ့လွှတ်တော်ပညာရေးမြှင့် တင်မှုကော်မတီတို့ထံ စာတင် တောင်းဆိုမည်ဟု သတင်းရရှိ သည်။

ဆရာအတတ်သင်တန်းဆင်း များကို ကျောင်းဖွင့်ပြီး နှစ်လကြာသည်အထိ အလုပ်မခန့်ထားခြင်း နှင့် ပတ်သက်၍ ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ များက ဇူလိုင် ၂၉ ရက်တွင် မြန် မာဂျာနယ်လစ်ကွန်ရက် (ရန်ကုန်)ရုံးခန်း၌ သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့သည်။

ဆရာအတတ်သင် သင် တန်းဆင်းများ၊ လုပ်ငန်းခွင်ဝင် ရောက်ရမည့်နေ့ရက်ကို တရားဝင်အတိအကျ ထုတ်ပြန်ပေးရန်၊ ယင်းနှောင့်နှေးမှုများကြောင့် ၀န် ထမ်းလုပ်သက်နစ်နာသူများကို ယခုပညာသင်နှစ် (၂၀၁၇-၁၈) အစမှ ခန့်ထားသည့်နေ့အထိ ၀န် ထမ်းလုပ်သက်ထည့်ပေါင်းပေး ရန်နှင့် လာမည့်ပညာသင်နှစ်ကစ ၍ သင်တန်းဆင်းများ လုပ်ငန်း ခွင်ဝင်ရောက်နိုင်ရေး အချိန်မီ ဆောင်ရွက်ပေးရန် အချက်သုံး ချက်ကို ပညာရေးဝန်ကြီးဌာနသို့ တောင်းဆိုခဲ့သည်။

ယင်းအချက်များကို သက်ဆိုင်ရာသို့ ဇူလိုင် ၃၁ ရက်တွင် စာတင်တောင်းဆိုမည်ဖြစ်ပြီး တင်ပြီး တစ်ပတ်အတွင်း ဖြေရှင်း ပေးနိုင်ခြင်းမရှိပါက ချီတက်ဆန္ဒ ထုတ်ဖော်မည်ဟု ရန်ကုန်တက္က သိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ဦးစိုးသူရကျော်က ဆိုသည်။

‘‘ကျောင်းဖွင့်တာ နှစ်လ ကျော်နေပြီ။ ပုံမှန်ဆိုမတ်လ လောက်ဆို အလုပ်ခန့်စာဝင်ပြီး ဇွန်ဆို လုပ်ငန်းခွင်ဝင် နေရပြီ။ ဒီ နှစ်က အခုထိ ခန့်စာကို မရသေး တာ’’ ဟု စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုသက်ဦးပိုင်က ပြောသည်။

ဆရာအတတ်သင် သင်တန်းဆင်းဆရာ၊ ဆရာမများ အလုပ်ခန့်ထားရေး အဆင့်မြင့်ပညာဦးစီးဌာနက အခြေခံပညာဦးစီးဌာနသို့ လွှဲပြောင်းထားပြီး မကြာမီခန့်အပ်ပေးရန်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ဇူလိုင် ဒုတိယပတ်တွင် မီဒီယာ၏ မေးမြန်းမှုကို ဖြေကြားထားသည်။

‘‘ရန်ကုန်တိုင်းမှာတော့ လို တဲ့ မူလတန်းဆရာအရေအတွက် ကိုရော၊ ခန့်အပ်လို့ရမယ့် သင် တန်းဆင်း အရေအတွက်ကိုရော အခြေခံပညာဦးစီးဌာနဘက်ကို ဆရာတို့တင်ပြထားပြီးပါပြီ။ ရာ ထူးတိုး ပြောင်းစာရင်း တွေလည်း မထွက်သေးတော့ ကြန့်ကြာနေ တာဖြစ်နိုင်ပါတယ်’’ ဟု ရန်ကုန် တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူးတစ်ဦးက ပြော ကြားသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းတိုင်းတက္ကသိုလ်နှင့် တစ် နိုင်ငံလုံးရှိ ပညာရေးကောလိပ် ၂၄ ကျောင်းမှ ၂၀၁၆-၁၇ ပညာ သင်နှစ်တွင် ဆရာအတတ်သင် တန်းဆင်းသူ ၇,၀၀၀ကျော်ရှိနေ ပြီး လုပ်ငန်းခွင်တွင်လည်း ဆရာ၊ ဆရာမလိုအပ်ချက်မြင့်မားနေ သည့်တိုင် ပညာရေးဝန်ကြီးဌာန က အလုပ်ခန့်အပ်ခြင်းမရှိသေး သည့်အပေါ် အခြေခံပညာဆရာ၊ ဆရာမအသိုင်းအ၀ိုင်းကြား ဝေ ဖန်မှုများ ရှိနေသည်။

‘‘အခြေခံပညာကျောင်းတွေ မှာ ဆရာအင်အား လိုအပ်ချက် တွေများစွာရှိနေတယ်တော့ ပြော တယ်။ သင်တန်းဆင်း ဆရာ၊ ဆရာမတွေကိုတော့ မခန့်ပေး ဘူး။ ဆရာအင်အား မလုံလောက် တဲ့ စာသင်ကျောင်းတွေမှာ အ ခက်အခဲတွေဖြစ်နေသလို သင် တန်းဆင်းဆရာတွေအတွက်လုပ် သက်နစ်နာမှုတွေ များစွာဖြစ်ပေါ် နေပါတယ်။ ၀န်ကြီးဌာနရဲ့ ဆရာ ခန့်ထားရေးမူဘောင်က ဘယ်မှာ လဲလို့ မေးစရာဖြစ်လာပါတယ်’’ ဟု ကိုစိုးသူရကျော်က ပြော သည်။

တောင်းဆိုချက်သုံးချက်ကို ဖြေရှင်းပေးရန် ပညာရေးတက္က သိုလ်များမှ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူအချို့အနေဖြင့် ဇူလိုင် ၂၅ ရက်ကစ၍ ကျောင်းချိန်အ တွင်း အစိမ်းရောင်ဖဲကြိုးကို ကျောင်းဝတ်စုံပေါ်တွင် တပ်ဆင် ကာ ဖဲကြိုးလှုပ်ရှားမှုဖြင့် ၀န်ကြီး ဌာနကို သဘောထားထုတ်ဖော် ပြသနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 5068 times