Sales Hotline : 09448001653       Download App



ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဒီဂရီကောလိပ်တို့၌ ပထမနှစ်ဝိဇ္ဇာသိပ္ပံနှင့် အေဂျီတီအိုင်သင်တန်းများအတွက် ပဏာမသင်တန်းသား ၄၀၀ ကျော် ရွေးချယ်မည်

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဒီဂရီကောလိပ်တို့၌ ပထမနှစ်ဝိဇ္ဇာသိပ္ပံနှင့် အေဂျီတီအိုင်သင်တန်းများအတွက် ပဏာမသင်တန်းသား ၄၀၀ ကျော် ရွေးချယ်မည်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ် ရန်ကုန်/စစ်ကိုင်းတို့၌ ပထမနှစ်ဝိဇ္ဇာ သိပ္ပံနှင့် အေဂျီတီအိုင်သင်တန်း များတွင် တက်ရောက်နိုင်ရန် ၀င်ခွင့်များကို ခေါ်ယူထားပြီး စက်တင်ဘာလ ၂ ရက်တွင် ရေးဖြေ စာမေးပွဲများ ကျင်းပပြီး လူတွေ့စစ်ဆေးမှုများ ပြုလုပ်ကာ ပဏာမလူရွေးချယ်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗဟိုသင်တန်းသားရွေးချယ်ရေးကော်မတီမှ ကြေညာထားသည်။

READ - MBA မဟာဘွဲ့ကို ပညာသင်ဆုဖြင့် လျှောက်ထားနိုင်

ဝင်ခွင့်လျှောက်ထားခဲ့သော ကျောင်းသား၊ ကျောင်းသူများကို တိုင်းဒေသကြီး ပြည်နယ်သင်တန်းသား ရွေးချယ်ရေး ကော်မတီတို့မှ ပဏာမရွေးချယ်ထားသော သင်တန်းသားစာရင်းများနှင့် အဓိကရွေးချယ်ထားသော သင်တန်းသား စားရင်းများကို ဦးစွာပေးပို့ရမည်ဖြစ်ပြီး ပဏာမကို ကျား/အ ၄၀၀ ရွေးချယ်ရမည်ဖြစ်ပြီး အဓိကကို ကျား/မ ၃၄၂ ဦး ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စွန်နယ်ဖျားမှ ဖြစ်ခြင်း၊ ပြည်ထောင်စု တိုင်းရင်းသား ဖြစ်ခြင်း၊ မိဘမဲ့ (သို့) မိမဲ့ (သို့) ဘမဲ့ဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးသူဖြစ်ခြင်း၊ လျှောက်ထားသည့်ဒေသ (သို့မဟုတ်) မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်မည့်သူဖြစ်ခြင်းတို့အပေါ် မူတည်ပြီး ညီညွှတ်မျှတစွာ ရွေးချယ်ရမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းကို ဘော်ဒါဆောင်များတွင် နေထိုင်တက်ရောက် အောင်မြင်သူများ ကို ရွေးချယ်ခြင်းမပြုလုပ်ရန်ကိုလည်း ထုတ်ပြန်ထားသည်။

ယခုနှစ်အတွက် သင်တန်းသားများ ၀င်ခွင့်ပေးရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခြောက်ခုမှ ပဏာမကျောင်းသား၊ ကျောင်းသူ ၈၀ ကျော် ရွေးချယ်မည်ဖြစ်ပြီး အဓိကကျောင်းသား၊ ကျောင်းသူ ၆၀ ကျော် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ရေးဖြေနှင့် လူတွေ့အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစိစစ်မှုများပြုလုပ်မည် ဖြစ်ပြီး အောင်မြင်ခြင်းမရှိသူများ၏ နေရာတွင် အရန်အဖြစ် ရွေးချယ်ထားသော သင်တန်းသား၊ သင်တန်းသူများဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဒီဂရီကောလိပ်များ၏ သင်တန်းများကို ဒီဇင်ဘာလ ၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4203 times