Sales Hotline : 09448001653       Download App



တက်ရောက်သင်ကြားသူမရှိသဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ဘာသာရပ်လေးခု ဖျက်သိမ်း

တက်ရောက်သင်ကြားသူမရှိသဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ဘာသာရပ်လေးခု ဖျက်သိမ်း

ယခုနှစ်ဖျက်သိမ်းလိုက်သည့် ဘာသာရပ်များမှာ မြန်မာမှု၊ ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွားဘာသာရပ်နှင့် ရသစာပေပညာ ဘာသာရပ်များဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အဆိုပါ ဘာသာရပ်များအား ဖျက်သိမ်းလိုက်ခြင်းကြောင့် ယခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိုဘာသာရပ်များကို လျှောက်ထားခွင့်မရှိတော့ကြောင်း ရန်ကုန်တက္ကသိုလ်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနမှ သိရသည်။

READ - ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်သူလုံးဝမရှိခဲ့သော ကျောင်းများ၌ နေ့စား အထက်တန်းပြများ ခန့်ထားရန် စီစဉ်

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ထဲမှာ အဲဒီဘာသာရပ်တွေ ပါမှာမဟုတ်တော့ပါဘူး။ သင်ပေးမယ့် ဆရာများကလည်း နည်းတယ်။ အဲဒီဘာသာရပ်များကို လျှောက်တဲ့ ကျောင်းသားကလည်း နည်းလာတယ်။ ရသစာပေဆိုရင် မနှစ်က တက်မယ့်သူတောင်မရှိဘူး။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများသည် ဘာသာရပ်များကို လျှောက်ထားရာတွင် မိမိတို့ လျှောက်ထားလိုသော ဘာသာရပ်များကို ဦးစီးပေးအစဉ်လိုက် ထည့်သွင်းရသည်ဖြစ်ရာ ထိုဘာသာရပ်များအား ဦးစားပေးဘာသာရပ်များအဖြစ် လျှောက်ထားလာပါက ယင်းဘာသာရပ်များအစား အခြားလျှောက်ထားသော ဘာသာရပ်များကိုသာ ၀င်ခွင့်သတ်မှတ်ပေးမည် ဖြစ်သည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်း ၁၉ ခုရှိပြီး လက်ရှိတွင် ဘာသာရပ်လေးခုကို ဖျက်သိမ်းလိုက်ပြီဖြစ်သည့်အတွက် ၁၅ ခုသာ ကျန်ရှိတော့မည် ဖြစ်ကြောင်းသိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 10432 times