Sales Hotline : 09448001653       Download App



မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (မန္တလေး)သို့ တက္ကသိုလ်ဝင်တန်း ရမှတ် ၄၅၀ နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်

မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (မန္တလေး)သို့ တက္ကသိုလ်ဝင်တန်း ရမှတ် ၄၅၀ နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်

ထိုကျောင်းကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် အောင်မြင်သူမည်သူမဆို လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားမည်ဆိုပါက မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရ မည်ဖြစ်သည်။

ဒီနှစ်အတွက်လည်း ၀င်ခွင့်အမှတ်ကို မပြောင်းဘဲ ခေါ်ယူဖို့ တင်ထားပါတယ်။ အဆင့်မြင့်ပညာနှီးနှောဖလှယ်ပွဲ မှာလည်း ၀င်ခွင့်အမှတ်မပြောင်းဘဲ ခေါ်ထားတယ်ဆိုတာကို ကြေညာထားပါတယ်။

READ - စီးပွားရေးတက္ကသိုလ်များ၏ ၀င်ခွင့်ခေါ်ယူမှုပုံစံ ပြောင်းလဲရန် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြထားဟုဆို

မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်ပြီး လျှောက်လွှာထုတ်ယူရမည့်ရက်များကို နိုင်ငံပိုင်သတင်းစာများမှ ကြေညာပေးသွားမည်ဖြသ်သည်။

လျှောက်ထားလာသူများကို ၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး အောင်မြင်သူများကို ၀င်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ၀င်ခွင့်မအောင်မြင်ပါက အခြားတက္ကသိုလ်များသို့ တက်ရောက်ခွင့် မဆုံးရှုံးစေရန် အခြားတက္ကသိုလ်များကိုလည်း လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ဘာသာရပ်လေးခု သင်ကြားနေပြီး Software Engineering, Electronics Communication, Visual Computing, Information System တို့ ဖြစ်သည်။

သင်တန်းကာလမှာ ငါးနှစ်တက်ရောက်ရပြီး သင်တန်းပြီးဆုံးပါက B.Tech သို့ B.E ဘွဲ့ရရှိမည် ဖြစ်သည်။

ယခင်နှစ်က မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ဘာသာရပ်တစ်ခုလျှင် သင်တန်းသား၊ သင်တန်းသူ ၆၀ ခန့် ဦးရေ ၂၀၀ ခန့် လက်ခံသင်ကြားပေးခဲ့ကြောင်း သိရသည်။

မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ဘွဲ့ကြိုသင်တန်းများကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး လက်ခံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 6421 times